News

POST TYPE

MANDALAY

ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပမည်
20-Apr-2019

မန္တလေး၊ ဧပြီ ၂၀

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်လေးလုံးကျောင်းတိုက်တွင် သတင်းစာဆရာ၊ စာရေးဆရာ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ဧပြီလ၂၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ယင်းအခမ်းအနား စီစဉ်သူများထံမှ သိရသည်။

ယင်းအခမ်းအနားတွင် ဆရာကြီး ရေးသားခဲ့သော စာအုပ်၊ စာတမ်းများနှင့် ဓာတ်ပုံများကို ပြသသွားမည်ဖြစ်ကြောင်း ဇာတိမာန်စာဖတ်အသင်းမှ တာဝန်ရှိသူ ဦးလှမင်းဦးက ပြောကြားသည်။

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို မန္တလေးမြို့ ဇာတိမာန် စာဖတ်အသင်းနှင့် ဦးဝင်းတင် ချစ်သူများ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို ၁၉၃၀ ပြည့်နှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တွင် ဖွားမြင်ခဲ့ပြီး၂၀၁၄ ခုနှစ်၊ ဧပြီလ၂၁ ရက်နေ့တွင် ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့သည်။

M-01