POST TYPE
MANDALAY
နေအိမ်အတွင်းမှ ပစ္စည်းများ အလိုအလောက် မီးထလောင်နေသည့်အတွက် မီးသတ်တပ်ဖွဲ့က စောင့်ကြည့်
19-Apr-2019

မန္တလေး၊ ဧပြီ ၁၉
မန္တလေးမြို့ ချမ်းအေးသာစံရပ်ကွက်အတွင်းရှိ နေအိမ်တစ်ခုအတွင်းမှ ပစ္စည်းများတွင် အလိုအလျောက် မီးတောက်များ ထွက်နေသည့်အတွက် မီးသတ်တပ်ဖွဲ့က စောင့်ကြည့်နေကြရသည်။
ပြည်ကြီးမျက်မှန်ရပ်ကွက် ၂၈ လမ်း နှင့် ၂၉လမ်းကြား ၊ ၆၂ လမ်းနှင့် ၆၃လမ်းကြား၊ မြစန္ဒာလမ်းသွယ်ရှိ နံကပ် ၂ ထပ် နေအိမ်တွင် နေအိမ်အတွင်း အကြောင်းမဲ့ မီးထတောက်မှု ၁၈ ရက်နေ့မှ စတင်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။
ထင်းရှူးသေတ္တာအတွင်းပိုင်း၊ နေအိမ်အပေါ်ထပ်ရှိ ဘီဒို၊ အခန်းစည်း၊ မွေ့ယာ စသည့်ပစ္စည်းများ မီးလောင်နေခြင်းဖြစ်ကာ ယင်းသို့ဖြစ်နေသည်မှာ (၁၀) ကြိမ်ထက် မနည်းတော့ပြီဖြစ်ကြောင်း မီးလောင်လွယ်သည့် ပစ္စည်းများကို အပြင်ထုတ်ထားပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်ကားများဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ အသင့်စောင့်ကြည့်နေကြရသည်။
ထို့အပြင် ရိုးရာ အယူအဆအရ ပုဏ္ဏကတိုက်သည်ဟုဆိုကာ သံဃာတော်များနှင့် မေတ္တာပို့ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
M-04
- VIA
- Voice Admin
- SOURCES
- The Voice
-
10-Dec-2019
-
10-Dec-2019
-
10-Dec-2019
-
10-Dec-2019
-
10-Dec-2019
-
10-Dec-2019
-
01-Dec-2019