News

POST TYPE

MANDALAY

သြင်္ကန်ပွဲတော် နောက်ဆုံးနေ့တွင် သေဆုံးသူ ရှစ်ဦးရှိ
17-Apr-2019
မန္တလေး၊ ဧပြီ ၁၇

သြင်္ကန်ပွဲတော် နောက်ဆုံးနေ့ အတက်နေ့တွင် မန္တလေးတိုင်းအတွင်းရှိ ဆေးရုံများသို့ အရေးပေါ် တက်ရောက်လာသူ လူနာ နှစ်ရာနီးပါးအထိရှိခဲ့ပြီး သေဆုံးသူ ရှစ်ဦးရှိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ယာဉ်တိုက်မှုကြောင့် ၈၈ ဦး ဆေးရုံတက်ခဲ့ရပြီး သုံးဦးသေဆုံးကာ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ၁၀၄ ဦး ဆေးရုံရောက်ကာ သေဆုံးသူနှစ်ဦးနှင့် ရေနစ်သေဆုံးမှုကဲ့သို့သော သေမှုသေခင်းဖြစ်စဉ် သုံးမှုအတွက် သုံးဦး သေဆုံးခဲ့သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

အကြို၊ အကျ၊ အကြတ်နေ့တို့၌လည်း သေဆုံးသူ ၂၃ ဦးရှိခဲ့သည်ဖြစ်ရာ သြင်္ကန်ပွဲတော်အတွင်း သေဆုံးသူ ၃၁ ဦးရှိခဲ့သည်။

M-04