News

POST TYPE

MANDALAY

ပုဂံတွင် လမ်းလျှောက်သင်္ကြန်ပထမဆုံးကျင်းပမည်
08-Apr-2019

မန္တလေး၊ ဧပြီ ၇

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပထမဦးဆုံးအဖြစ် လမ်းလျှောက်သင်္ကြန်ကျင်းပမည်ဖြစ်ကြောင်း ပုဂံလမ်းလျှောက်မဟာသင်္ကြန် ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

လမ်းလျှောက်သင်္ကြန်ကို ပုဂံသူပုဂံသားများက ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ပိုမိုစည်ကားစေရန်ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ရေကစားမဏ္ဍပ်များ၊ စတုဒိသာကျွေးမွေးခြင်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း ပုဂံလမ်းလျှောက်မဟာသင်္ကြန်ဖြစ်မြောက်ရေးကော်မတီသတင်းနှင့် ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ကိုဆော် (ပုဂံ)က ပြောကြားသည်။

ယင်းလမ်းလျှောက်သင်္ကြန်တွင် ရေကစားမဏ္ဍပ် ၁၅ နှင့် သင်္ကြန်ယိမ်းအဖွဲ့ ၄ ပါဝင်မည်ဖြစ်ပြီး ပုဂံမြို့သစ်ဈေးရှေ့မှ မြို့လယ်လေးမျက်နှာဘုရားအထိ လမ်းလျှောက်သင်္ကြန်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းနှင့် ပြန်ကြားရေးကော်မတီထံမှ သိရသည်။

M-05