News

POST TYPE

MANDALAY

မန္တလေးတွင် ပန်းချီအရောင်းပြခန်းဖွင့်လှစ်မည်
17-Mar-2019

မန္တလေး၊ မတ် ၁၇

မန္တလေးမြို့ ပန်းချီဆရာကြီးများ စုပေါင်းကာ Smart Art Gallery ပန်းချီအရောင်းပြခန်းကို Mandalay Yatanar Mall တွင် မတ်လ ၂၄ ရက်နေ့မှစတင်၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီဌာန (အထက်မြန်မာပြည်) ထံမှ သိရသည်။

ယင်းပန်းချီအရောင်းပြခန်းကို မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအမှတ်တရ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီဌာန (အထက်မြန်မာပြည်) လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။

ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ ပန်းချီပန်ပုပန်း ၁၀ မျိုးကို မပျောက်ပျက်ဘဲ ထိန်းသိမ်းစောင့်ရှောက်ရန်၊ ပန်း ၁၀ မျိုးနှင့်ဆက်စပ်၍ ခရီးသွားဧည့်သည်များကို ဆွဲဆောင်ရန်နှင့် တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်းရရှိစေရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မန္တလေးတိုင်းသို့ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာလည့်ခရီးသွား လေးသိန်းကိုးသောင်းကျော် ဝင်ရောက်ခဲ့ရာ တရုတ်ခရီးသွား နှစ်သိန်းတစ်သောင်းကျော်ဖြင့် အများဆုံးဝင်ရောက်ခဲ့ကြောင်း ယင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

M-05