News

POST TYPE

MANDALAY

သမ္မတောမီးဘေး မန္တလေးသဘာဝဘေးတုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့ကူညီ
16-Mar-2019

မန္တလေး၊ မတ် ၁၆

ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာ မီးဘေးသင့်အိမ်ထောင်စုများကို မန္တလေးတိုင်းဒေသကြီး သဘာဝဘေးတုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့က မတ်လ ၁၆ ရက်နေ့က ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့သည်။

မန္တလေးဒေသဝန်းကျင်တွင် သဘာဝဘေးဒဏ်များတွေ့ကြုံလာပါက ချက်ချင်းတုန့်ပြန်ဆောင်ရွက်ရန်နှင့် ပြည်သူထံသို့ တိုက်ရိုက်ပေးလိုသည့်ဆန္ဒဖြင့် လှူဒါန်းမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သဘာဝဘေးတုန်ပြန်ဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန်းထွန်းမြင့်က ပြောကြားသည်။

မီးဘေးသင့်အိမ်ထောင်စု(၁၉)စုအတွက် တစ်စုလျှင် ငွေကျပ်နှစ်သောင်းနှင့် အဝတ်အထည်များ၊ ပန်းကန်များ၊ ရေသန့်ဘူးများ၊ အိမ်သုံးပစ္စည်းစုစုပေါင်း ၇ မျိုးခန့်ထောက်ပံ့ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး သဘာဝဘေးတုန့်ပြန်ဆောင်ရွက်ရေးအဖွဲထံမှ သိရသည်။

ပုသိမ်ကြီးမြို့နယ်၊ သမ္မတောကျေးရွာတွင် မတ်လ ၁၄ ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၈ လုံးနှင့် အတွင်းပစ္စည်း စုစုပေါင်းတန်ဖိုး ကျပ် ၇၉ သိန်းကျော် မီးလောင်ဆုံးရှုံးခဲ့သည်။ 

M-05