News

POST TYPE

MANDALAY

ဒဂုန်တာရာ ရာပြည့်အကြို ရသဝတ္ထုနှင့် ခေတ်ဟောင်းဂျာနယ်ပြပွဲ ကျင်းပမည်
13-Mar-2019

မန္တလေး၊ မတ် ၁၃

မန္တလေးမြို့ မဟာမြိုင် (၁) ရတနာပျိုးခင်းစာကြည့်တိုက်တွင် ငြိမ်းချမ်းရေးစာရေဆရာကြီး ဒဂုန်တာရာ အသက်တစ်ရာပြည့်အကြို မြန်မာရသဝတ္ထုရှည်တစ်ထောင်နှင့် ခေတ်ဟောင်းဂျာနယ်ပြပွဲကို မတ်လ ၁၆ ရက်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း ယင်းစာကြည့်တိုက်ထံမှ သိရသည်။

ယင်းပြပွဲတွင် ဗန္ဓုလ၊ နဂါးနီ၊ ဂျာနယ်ကျော်၊ အိုးဝေ၊ လူထု၊ လင်းယုန်၊ ပြည်တော်သစ်၊ ဂန္ဓဝင်၊ ဟံသာဝတီ စသည့် ခေတ်ဟောင်းဂျာနယ်များ၊ ဂျိမ်းလှကျော်၏ မောင်ရင်မောင် မမယ်မ၊ ခင်နှင်းယု၏ အောင်မြင်သောနေ့၊ သန်းဆွေ၏ သံသာလေ ကမ်းတိုင်၊ မြသန်းတင့်၏ မာယာဘုံ၊ ပြည့်စုံ၏ ပန်းရုံ၊ မောင်သိန်းဆိုင်၏ ရေနံ့သာ ခင်ခင်ကြီး စသည့်ရသဝတ္ထုရှည်လုံးချင်းစာအုပ်များကို ခင်းကျင်းပြသမည်ဖြစ်ကြောင်း အဆိုပါစာကြည့်တိုက်ထံမှ သိရသည်။

ယင်းပြပွဲကို မန္တလေးမြို့ မဟာမြိုင် (၁) ၆၆ လမ်းနှင့် ၆၄ လမ်းကြား၊ ၃၆ လမ်း၊ ရတနာပျိုးခင်း စာကြည့်တိုက်တွင် မတ်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိပြုလုပ်မည်ဖြစ်ကြောင်း ယင်းစာကြည့်တိုက်ထံမှ သိရသည်။

M-01