News

POST TYPE

MANDALAY

သက်ကြီးသဘင်ပညာရှင် ကန်တော့ပွဲ ကျင်းပမည်
11-Mar-2019

မန္တလေး၊ မတ်လ ၁၁

အမျိုးသားကဇာတ်ရုံ(မန္တလေး)တွင် မတ်လ ၁၅ ရက်နေ့၌ ဒုတိယအကြိမ်မြောက်အဖြစ်ကျင်းပမည့် သက်ကြီးသဘင်ပညာရှင်များ ပူဇော်ကန်တော့ပွဲတွင် သဘင်ပညာရှင် ၇၀၀ ကျော်ကို ကန်တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံးထံမှ သိရသည်။

အသက် ၇၅ အထက်သဘင်ပညာရှင် ၇၃၇ ဦးကို တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းအပြင် ရပ်ဝေးမှာလာရောက်သူများကို နေထိုင်စားသောက်စရိတ်များကိုလည်း ပေးအပ်မည်ဖြစ်ကြောင်း ယင်းပွဲအတွက် ကျပ်သိန်းတစ်ထောင်ဝန်းကျင်ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို) အထွေထွေအတွင်းရေးမှူး ဦးနေဝင်းက ပြောကြားသည်။

ပထမအကြိမ်သက်ကြီးသဘင်ပညာရှင် ပူဇော်ကန်တော့ပွဲတွင် အဘိုး၊ အဘွား ၆၈၀ ဦးကို ပူဇော်ကန်တော့ခဲ့သည်။

M-08