POST TYPE
MANDALAY
မဟာမုနိဘုရားတွင် ဇွန် ၁ ရက်မှစ၍ နိုင်ငံခြားသားများကို ဝင်ကြေးကောက်မည်
10-Mar-2019

မဟာမုနိဘုရားသို့ လာရောက်သည့် ပြည်ပခရီးသွားများကို တွေ့ရစဉ်
မန္တလေး၊ မတ် ၁၀
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ လာရောက်သည့် ပြည်ပခရီးသွားများထံမှ ဇွန်လ ၁ ရက်နေ့မှစတင်၍ ဝင်ကြေးကောက်ခံမည်ဖြစ်ကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
ပြည်ပခရီးသွားများထံမှ ဝင်ကြေးကောက်ခံနိုင်ရန် မန္တလေးတိုင်းအစိုးရအဖွဲ့ထံ တင်ပြထားပြီး ဝင်ကြေးကောက်ခံနိုင်ရန် Tour Information Counter များ တည်ဆောက်နေကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောကြားသည်။

“ဩဝါဒဆရာတော်ကြီးတွေက မိန်ကြားတယ်ပေါ့။ နိုင်ငံခြားမှာဆိုရင်လည်း ကောက်တယ်။ ပြီးတော့ ဝန်ဆောင်မှုလည်းပြန်ပေးတယ်ပေါ့။ ဒါကိုဆရာတော်ကြီးတွေက မိန့်တယ်။ ပိုက်ဆံလည်းကောက်၊ ဝန်ဆောင်မှုလည်းပေးပေါ့။ ဆရာတော်ကြီးတွေရဲ့ ဩဝါဒကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြပြီးတော့ လုပ်တာဖြစ်ပါတယ်။ Tour Information Counter ဆောက်နေတယ်။ အဲဒီနေရာမှာ လက်မှတ်ရောင်းမယ် ”ဟု ဦးကျော်ကျော်ဦးက ပြောကြားသည်။
Tour Information Counter ကို ဘုရားကြီးအနောက် ၄၅ တာအတွင်း တည်ဆောက်နေပြီး နိုင်ငံခြားသားတစ်ဦးလျှင် ၅၀၀၀ ကျပ် ကောက်ခံမည်ဖြစ်ကြောင်း၊ ယင်းကောင်တာတွင် သန့်စင်ခန်း၊ လက်ဆေးကန်၊ ဖိနပ်စင်၊ ရေသန့်ဘူး၊ စနိုးတာဝါ၊ လမ်းကမ်းစာစောင်များပေးဝေခြင်းစသည့် ဝန်ဆောင်မှုများထားရှိပေးမည်ဖြစ်ကြောင်း မဟာမုနိဘုရာဂေါပကအဖွဲ့ထံမှ သိရသည်။
“ဧည့်သည်ဝင်လာကတည်းက ရွှေကျောင်း၊ နန်းတွင်းလိုနေရာတွေမှာ မန္တလေးဇုန် ဝင်ကြေးဝယ်ရတယ်။ ဒီဟာက မန္တလေးဇုန်ဝင်ကြေးလို့ ပြောပြီးသားဖြစ်ပါတယ်။ အားလုံးအကျုံးဝင်တယ်။ ဒီလိုအနေအထားမှာ ထပ်ကောက်တော့ ဒီဘုရားကြီးက မန္တလေးဇုန်ထဲမှာမပါလို့လားဆိုပြီး မေးစရာဖြစ်လာမယ်။ သို့သော်လည်း ဒီလိုကောက်ပြီးရင် ဘာဝန်ဆောင်မှုပေးမှာလဲ။ တစ်နေရာချင်းစီ ကောက်မယ်ဆိုရင်လည်း ဇုန်ဝင်ကြေးလုပ်မနေနဲ့တော့။ ဇုန်ဝင်ကြေးကောက်တာ နည်းတယ်ထင်ရင်လည်း တိုးကောက်ပြီးတော့ ခွဲဝေကြပေါ့။ ဇုန်ဝင်ကြေးလည်းပေးရတယ်။ တစ်နေရာချင်းစီ ထပ်ကောက်နေတယ်ဆိုတာကတော့ နည်းမမှန်ဘူး”ဟု မန္တလေးဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုရဲထွေးက ပြောကြားသည်။
M-05
ဓာတ်ပုံ- မြတ်မင်း
- SOURCES
- The Voice
-
16-Dec-2019
-
15-Dec-2019
-
15-Dec-2019
-
15-Dec-2019
-
15-Dec-2019
-
15-Dec-2019
-
01-Dec-2019