News

POST TYPE

MANDALAY

မိုးကုတ် ဖောင်တော်ဦးမြေထိန်းနံရံ ကျပ်သိန်း ၂၀၀၀ ခန့် အကုန်ခံကာ ပြန်ဆောက်
08-Aug-2018



မန္တလေး၊ ဩဂုတ် ၇

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့ ဖောင်တော်ဦးဘုရားစောင်းတန်းနှင့် ရင်ပြင်တော်မြေထိန်းနံရံ အက်ကွဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ကျပ်သိန်း ၂၀၀၀ ခန့် အကုန်အကျခံကာ ပြန်လည်တည်ဆောက်လျက်ရှိကြောင်း ဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့ဝင်များက ပြောကြားသည်။

ဖောင်တော်ဦးဘုရားသည် မိုးကုတ်မြို့၏ အထင်ကရစေတီတစ်ဆူဖြစ်ပြီး ရင်ပြင်တော် မြေထိန်းနံရံနှင့်စောင်းတန်းများသည် ဇွန်လ ၉ ရက်နေ့က စတင်ခဲ့သည့်မိုးကြောင့် ဇွန်လ ၁၆ ရက်နေ့တွင် အက်ကွဲပျက်စီးခဲ့ကြောင်း၊ ထိုသို့အက်ကွဲပြိုကျရသည်မှာ ဖောင်တော်ဦးဘုရားကုန်းတော်နှင့် ဆက်စပ်နေသော မောနေယျတောင်တွင် သစ်ပင်ကြီးများနည်းပါးလာမှုနှင့် တောပြုန်းမှုကြောင့်ဟု ကောက်ချက်ချနိုင်ကြောင်း ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မိုးကုတ်မြို့နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဇွန်လ ၁၄ ရက်နေ့ကလည်း ကျပ်ပြင်ရပ်တွင် တောင်စောင်းပြိုကျကာ မိသားစုငါးဦး သေဆုံးခဲ့ရသည်။ 

M-01