News

POST TYPE

MANDALAY

မိတ္ထီလာတွင် စစ်ကျန်ဗုံးသီးဟောင်းနှင့် ကျည်ဆန်ဟောင်းများတွေ့


မိတ္ထီလာ၊ ဩဂုတ် ၆

မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက်၊ နယ်မြေ (၃) ရှိ ခိုင်ခံ့ဖြူစင်ကုမ္ပဏီဝင်းအတွင်း ဩဂုတ်လ ၅ ရက်က အုတ်ကန်တည်ရန် ကျင်းတူးရာမှ စစ်ကျန်ဗုံးသီးဟောင်းတစ်လုံးနှင့် ကျည်ဆန်ဟောင်းများတွေ့ရှိခဲ့ကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

“အဲဒီကုမ္ပဏီဝင်းထဲမှာ အုတ်ကန်လုပ်ဖို့ အလုပ်သမားတွေ ကျင်းတူးရင်းနဲ့ တွေ့တာ။ ညနေ ၅ နာရီလောက်ကပါ။ ကျည်ဆန်အဟောင်းတွေပါ။ ညနေ ၆ နာရီ လောက်မှာ နယ်မြေရဲစခန်းက တစ်ဆင့် အမှတ် (၉၁၈) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းကို စနစ်တကျလွှဲအပ်ပေးခဲ့ပါတယ်”ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းက ဆိုသည်။

ရှာဖွေတွေ့ရှိခဲ့သော ပစ္စည်းများမှာ ဗုံးသီးအဟောင်းသံချေးတက်တစ်လုံး၊ ရိုင်ဖယ်ကျည်အဟောင်းသံချေးတက် ၁၄၃ တောင့်၊ ရိုင်ဖယ်ကျည်ထိပ်ဖူးသံချေးတက် ၅ ခု၊ ရိုင်ဖယ်ကျည်ကပ်အခွံ သံချေးတက် ၂ ခု၊ ၉ မမ စတင်း ကျည်ခွံသံချေးတက် ၂၃၀ တောင့်နှင့် ရိုင်ဖယ်ကျည်ဆန်အခွံ (သံချေးတက်) ၆၀၀ တောင့်တို့ဖြစ်ကြောင်း ရဲမှတ်တမ်းအရသိရသည်။ 

R-01