News

POST TYPE

MANDALAY

ရွှေ​တောင်​မြို့နယ်​ ယွန်းတန်းရပ်​ကွက်​ ရေကြီး၍ အိမ်​​ခြေ ၈၀​ ကျော်​ ပြောင်းရွှေ့
25-Jul-2018

ပြည်​၊ ဇူလိုင်​ ၂၄

ရွှေ​တောင်​မြို့နယ်​ ယွန်းတန်းရပ်​ကွက်​ အတွင်းရှိ ​အိမ်​​ခြေ ၈၀​ ကျော်မှာ ရေဝင်​​ရောက်​မှု​ကြောင့် ကယ်​ဆယ်​​ရေးစခန်းသို့​ ပြောင်း​ရွှေ့​နေထိုင်​​နေရကြောင်း ​ရွှေ​တောင်​မြို့ ​ရွှေမျက်​မှန်​ဘုန်းကြီး​ကျောင်း ​ရေ​ဘေးကယ်​ဆယ်​​ရေးစခန်းတာဝန်​ခံ ဦးပဉ္စင်း ဦးဝဏ္ဏသီရိက​ မိန့်ကြားသည်​။

နှစ်​စဉ်​မိုးရာသီကာလတွင်​ ဧရာဝတီမြစ်​ရေနှင့် ချောင်း​ရေဝင်​​ရောက်​မှု​ကြောင့် တစ်​နှစ်​လျှင်​နှစ်​ကြိမ်​ခန့် ရေဘေး ကယ်ဆယ်ရေးစခန်းသို့ ပြောင်း​ရွှေ့​နေထိုင်​ရလေ့ရှိ​​ကြောင်း​ ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်​။

“တစ်​နှစ်​ကို ပုံမှန်​နှစ်​ကြိမ်​​လောက်​ ​ရေဝင်​နစ်​မြုပ်​လို့ နီးစပ်​ရာဘုန်းကြီး ကျောင်း​တွေကို တစ်​နိုင်​သယ်​ပြီးလာ​ရောက်​ ခိုလှုံကြတာများတယ်​။ ဘုန်းကြီးတို့က​ နေစရာလောက်ပဲပေးနိုင်​ပြီး အစားအသောက်​အတွက်​က သူတို့အလုပ်​​လေး​တွေ​ ဈေးရောင်းတာ​တွေလုပ်​ပြီးရှာ​ဖွေ စား​သောက်​ကြတယ်​။ လော​လောဆယ်​အိမ်​​ခြေ ၈၄ အိမ်​ရှိသွားပြီ” ဟု ဦးဝဏ္ဏသီရိက မိန့်ဆိုသည်။

နှစ်​စဉ်​ ​ရေကြီး​နေမှု​မှာ ဧရာဝတီမြစ်​ အတွင်းသို့စီးဝင်​သည့် ကုလား​ချောင်းမှာ တိမ်​ကော​နေပြီး မြစ်အတွင်းသို့ စီးမဝင်​နိုင်ဘဲ လူ​နေရပ်​ကွက်​များအတွင်းသို့ ရေဝင်​​ရောက်​မှု​ကြောင့် ရေကြီးရခြင်းဖြစ်​​ပြီး အဆိုပါ​ချောင်းကို ပြန်​လည်းတူး​ဖော်​​ပေး​စေလိုကြောင်း ၎င်းက ဆက်​လက်မိန့်ကြားသည်​။

“အိမ်​မှာလည်း နေလို့မရ​တော့ဘူး​လေ။ ​မြွေအန္တရာယ်​လည်းရှိတယ်​။ ဒီမှာပဲလာ​နေရတယ်​။ နှစ်​တိုင်းလိုလိုပဲ အရင်​ကဆို လာကူညီလှူတာရှိတယ်​။ လွန်​ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး လာလှူတဲ့သူ မရှိသ​လောက်​ရှားသွားပြီ” ဟု ​ ​ရေ​ဘေး​ရှောင်​စခန်းတွင်​ လာ​ရောက်​​နေထိုင်​သူ အသက်​ ၆၀ အရွယ်​ အမျိုးသမီးတစ်​ဦးက ​ပြောဆိုသည်​။

ရွှေ​တောင်​မြို့နယ်​အတွင်း နှစ်​စဉ်​ ဇွန်​၊ ဇူလိုင်​နှင့် ဩဂုတ်​လတို့တွင်​ ​ရေနှစ်​ကြိမ်​ဝင်​​ရောက်​​လေ့ရှိပြီး နှစ်​လနီးပါးခန့် ရေ​ဘေး​ရှောင်​ရ​လေ့ရှိကာ နှစ်စဉ်​ ကယ်​ဆယ်​​ရေးစခန်းရှစ်​ခု ဖွင့်လှစ်​ထား​လေ့ရှိ​ကြောင်း ​ဒေသခံများနှင့်​ ကယ်​ဆယ်​​ရေးစခန်းတာဝန်ခံများထံမှ စုံစမ်းသိရှိရသည်​။

M-06