News

POST TYPE

MANDALAY

ဝမ်းတွင်းတွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
01-Jul-2018
မိတ္ထီလာ၊ ဇွန် ၃၀

ဝမ်းတွင်းမြို့နယ် လိန်ပင်အုပ်စု မြောက်ဇချမ်းကုန်းကျေးရွာ၌ ဇွန်လ ၃၀ ရက်နေ့က အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

သေဆုံးသူမှာ လိန်ပင်အုပ်စု မြောက်ဇချမ်းကုန်းကျေးရွာမှ ဒေါ်တုတ်ဆိုသူဖြစ်ပြီး နေအိမ်ခြံဝင်းအတွင်းရှိ နွားစာတဲဝါးထုပ်တန်းတွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ပြီး ခန္ဓာကိုယ်ပြင်ပတွင် အခြားဒဏ်ရာ မတွေ့ရကြောင်း ရဲမှတ်တမ်းအရသိရသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် ဒုတိယရဲမှူး ရဲဝင်းက တရားလိုပြုတိုင်တန်းသဖြင့် ဝမ်းတွင်းမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၉/၂၀၁၈) ဖြင့် အမှုဖွင့်ပေးထားကြောင်း ယင်းရဲစခန်းထံမှသိရသည်။ 

R-01



  • VIA