News

POST TYPE

MANDALAY

မန္တလေး စည်ပင်ကော်မတီ ရွေးချယ်ပွဲ စက်တင်ဘာ ၂၅ ရက်နေ့ ကျင်းပမည်
05-Sep-2016
မန္တလေး၊ စက်တင်ဘာ ၅

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ရွေးချယ်ပွဲကို စက်တင်ဘာလ ၂၅ ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်များအလိုက် ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ ရွေးချယ်ပွဲကျင်းပရေး ကော်မရှင်အဖွဲ့ထံမှ သိရသည်။

မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ခြောက်ခုတွင် အဆိုပါ ရွေးချယ်ပွဲ ကျင်းပမည်ဖြစ်ပြီး ကော်မတီဝင်လောင်း ၃၄ ဦး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ်များရှိ အိမ်ထောင်စု တစ်ခုလျှင် ဆန္ဒမဲ တစ်ခု ပေးပိုင်ခွင့် ရှိသောကြောင့် မဲပေးပိုင်ခွင့်ရှိသည့် အိမ်ထောင်စုများ အနေနှင့် စက်တင်ဘာလ ၁ဝ ရက်နေ့ နောက်ဆုံးထားကာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများထံတွင် တောင်းဆိုလွှာ တင်သွင်းရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ ရွေးချယ်ရေး ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ ရွေးချယ်ပွဲကို စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ သက်ဆိုင်ရာ မြို့နယ် ခြောက်ခုတွင် ကျင်းပမည်ဖြစ်ရာ ကိုယ်တိုင် မဲပေးနိုင်မည့် အခွင့်အရေးကို လက်လွှတ် မခံသင့်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ယခုကျင်းပမည့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ ရွေးချယ်ပွဲကို ဒေသခံပြည်သူများ အနေနှင့် စိတ်ဝင်စားမှု နည်းပါးကြောင်း၊ ရွေးချယ်ပွဲဝင်မည့် ကော်မတီဝင်လောင်းများ အနေနှင့် မြို့နယ်အတွင်း ကွင်းဆင်း စည်းရုံးမှု နည်းပါးကြောင်း ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် အသက် ၄၇ နှစ်အရွယ်ရှိ စီးပွားရေး လုပ်ငန်းရှင် ဦးကြည်နိုင်က ပြောကြားသည်။



  • VIA