News

POST TYPE

MANDALAY

ဟောင်ကောင်မှ ဆရာဝန်များ စဝ်စံထွန်းဆေးရုံတွင် မျက်စိ အခမဲ့ခွဲစိတ်ကုသပေးမည်
မန္တလေး၊ အောက်တိုဘာ ၁၂

ဟောင်ကောင်အခြေစိုက် မျက်စိရောဂါကု ဆရာဝန်များအဖွဲ့က တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံတွင် အောက်တိုဘာလ ၁၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသခြင်းများ အခမဲ့ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ယင်းဆေးရုံထံမှ သိရသည်။

အဆိုပါအစီအစဉ်ကို လေးကျွန်းသူအသင်းနှင့် တရုတ်သံရုံးတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ရာ မျက်စိဝေဒနာရှင်များအနေနှင့် အောက်တိုဘာလ ၁၃ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ပြီး အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ကာ အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ ခွဲစိတ်ကုသမှုများ ဆောင်ရွက်မည်ဖြစ်သည်။

M-01