POST TYPE

MANDALAY

ထိုင်းဘုရင်မင်းမြတ် မန္တလေးတွင် ကထိန်သင်္ကန်းကပ်

မန္တလေး၊ အောက်တိုဘာ ၁၁

ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် မဟာဗက်ဂျီယာလောင်ကွန်းဘိုဒင်ဒရထေ့ဖရဝ ရန်ကွန်းက မန္တလေးမြို့တော်ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ အောက်တိုဘာလ ၁၁ ရက်နေ့က ကထိန်သင်္ကန်း ကပ်လှူခဲ့သည်။

ယင်းအခမ်းအနားသို့ ထိုင်းဘုရင် မင်းမြတ်ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်က ကပ်လှူခဲ့ခြင်းဖြစ်ပြီး မန္တလေး တိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အစိုးရတာဝန်ရှိသူများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများအပြင် ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Jukr Boon-Long နှင့်ဇနီး၊ ထိုင်းကြက်ခြေနီ အစည်းအရုံး အထွေထွေ လက်ထောက် အတွင်းရေးမှူးဟောင်းနှင့် နိုင်ငံခြားရေး ဝန်ကြီးဟောင်း H.E Mr. Tej Bunnag တို့ တက်ရောက်ခဲ့ကြောင်း အခမ်းအနား အစီအစဉ်အရ သိရသည်။ 

ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း H.E Mr. Tej Bunnag က ကထိန်သင်္ကန်းကို ကိုင်ဆောင်၍ ထိုင်း-အင်္ဂလိပ် နှစ်ဘာသာဖြင့် ဆုတောင်းကာ ကထိန်ဖရောင်းတိုင်နှင့်အတူ မန္တလေး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသဝထံ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ခိုင်မြဲစေရန်ရည်ရွယ်၍ ကထိန် သင်္ကန်း ကပ်လှူခဲ့ပြီးနောက် ဗန်းမော် ဆရာတော်ထံမှ သီလတရားများ နာယူခဲ့ကြသည်။

M-05