News

POST TYPE

MANDALAY

မဟာမုနိဘုရားတွင် ဘုရားဖူးယာဉ်များ ထားရှိရန် ကားကွင်း တည်ဆောက်
11-Oct-2017 tagged as မန္တလေး


မန္တလေး၊ အောက်တိုဘာ ၁၀

မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးတွင် ဘုရားဖူးယာဉ်များ ထားရှိရန် ကားကွင်း တည်ဆောက်နေကြောင်း ယင်းဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

အရှေ့ ၄၅ တာနှင့် အနောက် ၄၅ တာအတွင်း ယာဉ်ရပ်နားကွင်း တစ်ကွင်းစီ တည်ဆောက်ဖြစ်ရာ လက်ရှိတွင် အရှေ့ ၄၅ တာအတွင်း ကားကွင်းတည်ဆောက်ရေးလုပ်ငန်း ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောကြားသည်။

“လုံခြုံရေးအရပေါ့။ နောက်တစ်ခုက ဘုရားဖူးလာတဲ့အခါမှာ အရိပ်ကောင်းကောင်းနဲ့ နေနိုင်အောင်၊ ကျယ်ကျယ်ဝန်းဝန်းနဲ့ ရပ်နားထားနိုင်အောင်၊ ကားအထုတ်အသွင်း လုပ်တဲ့အခါမှာလည်း ဘုရားဖူးတွေ အနှောင့်အယှက် မဖြစ်ရအောင် လုပ်တဲ့သဘောပါ”ဟု ၎င်းက ရှင်းပြသည်။

အရှေ့ ၄၅ တာအတွင်း ကားကွင်း တည်ဆောက်မှုကို မေလခန့်ကတည်းက စတင် လုပ်ဆောင်နေခြင်းဖြစ်ရာ ယခုနှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း၊ ယင်းကားကွင်းပြီးစီးပါက အနောက် ၄၅ တာကားကွင်း ထပ်မံ တည်ဆောက်မည်ဖြစ်ကြောင်း၊ အရှေ့ ၄၅ တာအတွင်းရှိ ကာကွင်းတွင် အိမ်စီးယာဉ်များနှင့် ရှင်လောင်း လှည့်ယာဉ်များ ထားရှိရမည်ဖြစ်ကာ အနောက် ၄၅ တာအတွင်းရှိ ကားကွင်း၌ ပြည်တွင်း ပြည်ပ ခရီးသွား ယာဉ်ကြီးများ ထားရှိနိုင်ရန် စီစဉ်ထားကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

M-05