News

POST TYPE

MANDALAY

မန္တလေးကျုံးဘေး အရက်သောက်သူများ စတင်ဖမ်းဆီး၊ တစ်ညအတွင်း ၅၆ ဦး ဖမ်းမိ
08-Oct-2017 tagged as မန္တလေး

မန္တလေး၊ အောက်တိုဘာ ၈

မန္တှလေးမြို့တော်၏ ပုံရိပ်တစ်ခုဖြစ်သော ကျုံးဘေးပတ်လည်တွင် သောက် စားမူးယစ်နေသူ ၅၆ ဦးကို အောက်တို ဘာလ ၇ ရက်နေ့ညက ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံ မှ သိရသည်။

“ကျုံးဆိုတာက မန္တလေးမြို့ရဲ့ ပုံရိပ်တစ်ခုလည်းဖြစ်တယ်။ အများပြည်သူ သွားလာ အပန်းဖြေကြရတဲ့ နေရာလည်း ဖြစ်တယ်။ ဒီလိုနေရာမျိုးမှာ အုပ်စုဖွဲ့ သောက်စားနေကြတာက မန္တှလေးရဲ့ပုံရိပ်ကိုလည်း ထိခိုက်တယ်။ အများပြည်သူကိုလည်း အနှောင့်အယှက်ဖြစ်စေတယ်။ ဒါကြောင့် အရေးယူရတာပါ”ဟု ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောကြားသည်။

ကျုံးဘေးပတ်လည်တွင် အုပ်စုဖွဲ့အရက်သေစာသောက်စားမူးယစ်သူ ၅၆ ဦးကို ရဲအက်ဥပဒေပုဒ်မ ၄၇ ဖြင့် အရေးယူထားပြီး အောင်မြေသာစံမြို့နယ်အတွင်းရှိ အမှတ် (၁)၊ အမှတ် (၂)နှင့် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အမှတ် (၄) နှင့် အမှတ်(၅) ရဲစခန်းတို့တွင် အမှုဖွင့်ထားကြောင်း ၎င်းကရှင်းပြသည်။

ယင်းနေ့ညက ကျုံးဘေးပတ်လည်မှ မူးယစ်သောက်စားသူများအပြင် မှောင်ရိပ်ခိုနေသည့် လိင်တူချစ်သူ ခြောက်ဦးနှင့် ပြည်ကြီးတံခွန်မြို့နယ်အပိုင် မန္တလေးမြို့ အဝင် (တံခွန်တိုင်အဝိုင်း) ပတ်လည်တွင် အရက်သောက်စားသူ ဆယ်ဦးကိုလည်း ရဲအက်ဖြင့်ပင် ဖမ်းဆီးအရေးယူခဲ့သည့်အတွက် အောက်တိုဘာလ ၇ ရက်နေ့ တစ်ညတည်းတွင် ရဲအက်ဖြင့် အရေးယူခံရသူ ၇၂ ဦးရှိကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရသည်။

အောက်တိုဘာလ ၆ ရက် (သီတင်းကျွတ် လပြည့်ကျော်တစ်ရက်)နေ့ ညက ကျုံးအရှေ့ဘက်ခြမ်း ၆၆ လမ်းတွင် အရက် ထိုင်သောက်နေသူ သုံးဦးကို ဆိုင်ကယ်ဆီးလာသူ ဆယ်ဦးခန့်က ဝိုင်းဝန်းရိုက်နှက်ခဲ့သည့်အတွက် တစ်ဦး သေဆုံးခဲ့ရသည့်ဖြစ်စဉ်ကြောင့် နောက်တစ်နေ့ညတွင် ရဲတပ်ဖွဲ့က ယင်းသို့ အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

M-04