News

19-Nov-2018
အထက်မြန်မာပြည် မန္တလေးတက္ကသိုလ် ကွန်ပျူတာ သိပ္ပံပညာဌာန၌ ဆရာအင်အား တိုးမြှင့်ခန့်ထား၍ မဟာတန်းဖွင့်ပေးရန် ယင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပညာရေးဝန်ကြီးထံ နိုဝင်ဘာ ၁၈ ရက်က တောင်းဆိုလိုက်သည်။
19-Nov-2018
ကျောက်ဆည် အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) တတိယနှစ်ကျောင်းသား နေမင်းထက် အသတ်ခံရမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူသုံးဦးအနက် တစ်ဦးကို ကျောက်ဆည်ခရိုင်တရားရုံးက နိုဝင်ဘာလ ၁၉ ရက်တွင် သေဒဏ်အမိန့်ချလိုက်ပြီး ကျန်နှစ်ဦးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည်။
19-Nov-2018
ကျောက်ဆည်မြို့ ရွှေသိမ်တော်ဘုရားပွဲ၌ နိုဝင်ဘာလ ၁၇ ရက်နေ့ ညက ခိုက်ရန်ဖြစ်ပွားနေသူနှစ်ဦးကို ဖမ်းဆီးခဲ့ခြင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များကို လူတစ်စုက ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းဇော်မြင့်က ပြောကြားသည်။
19-Nov-2018
ပုပ္ပားတောင်ကလပ်သို့ လာရောက်သည့် ဘုရားဖူးဧည့်သည်များ မျောက်အန္တရာယ်မှကင်းဝေးစေရန် စောင်းတန်းတစ်လျှောက်တွင် သံဆန်ခါများ ကာရံနေကြောင်း ပုပ္ပားတောင်ဂေါပကအဖွဲ့ထံမှ သိရသည်။
19-Nov-2018
မန္တလေးတိုင်း မလှိုင်မြို့နယ် ရွှေပေါ်ကျွန်းကျေးရွာရှိ စေတော်ဝင်ကျောင်းတိုက်၌ လက်ရှိသီတင်းသုံးနေသော ဆရာတော်ကို အလိုမရှိဟုဆိုကာ ကျေးရွာ ဒေသခံ ၅၀၀ ခန့်သည် နိုဝင်ဘာလ ၁၈ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
18-Nov-2018
ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူသိုလှောင်မှုကို ကန့်သတ်ထိန်းချုပ်ထားသော ဒိုင်ယာစီပန်မ် (Diazepam) ထိုးဆေးများနှင့်သောက်ဆေးများအား တရားမဝင် ဝယ်ယူသိုလှောင်ထားသည့် မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ၏ အတွင်းရေးမှူးဖြစ်သည့် ဒေါက်တာမောင်မောင်ကို မူးယစ်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း အဆိုပါရဲတပ်ဖွဲ့ထံမှ သိရသည်။
16-Nov-2018
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP ဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် အကောင်အထည်ဖော်နေသည့် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံမှုတို့အပေါ် ထိခိုက်နိုင်ခြေများအား စီမံဖြေရှင်းရေးစီမံကိန်း ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ စီမံကိန်းမန်နေဂျာ ဒေါက်တာမြင့်ဝေက ပြောကြားသည်။
16-Nov-2018
ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့ကဦးဆောင်ကာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ညီလာခံ ထောက်ခံကြောင်း ငြိမ်းချမ်းရေး ဆန္ဒပြု လက်မှတ်များကောက်ယူသည့် ကမ်ပိန်းကို မန္တလေးမြို့တော်၌ နိုဝင်ဘာ ၁၅ ရက် နေ့က စတင်ပြုလုပ်ခဲ့သည်။
15-Nov-2018
မန္တလေးတိုင်း သာစည်မြို့နယ် ကျေးရွာတစ်ရွာတွင် ကျူရှင်ဆရာက အသက် ၁၃ နှစ်အရွယ် အဋ္ဌမတန်းကျောင်းသူကို မုဒိမ်းကျင့်ခဲ့သည်ကို ကိုယ်ဝန်လေးလခန့်ကြာပြီးနောက် သိရှိခဲ့သည့်အတွက် နိုဝင်ဘာ ၁၄ ရက်နေ့က အမှုလာရောက်ဖွင့်လှစ်ခဲ့ကြောင်း သာစည်မြို့မရဲစခန်းထံမှ သိရသည်။
15-Nov-2018
မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်အနီး၌ အသက် ၁၉ နှစ်အရွယ် မူကြိုဆရာမကို ဓားနှင့်ထောက်ကာ ချစ်ခွင့်ပန်သည့်အသက် ၂၀ အရွယ် ကောလိပ်ကျောင်းသားကို ပုဒ်မ သုံးခုဖြင့် ဖမ်းဆီးထားကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။
15-Nov-2018
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားအဆူ ၄၀ ၏ ဘုရားသမိုင်းကြောင်းများကို လက်ကိုင်ဖုန်းများမှနေ၍ လေ့လာနိုင်မည့ှ်QR ကုတ်များ စိုက်ထူနိုင်ရန် ပြင်ဆင်နေပြီဖြစ်ရာ နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း ကွန်ပျူတာ ပညာရှင်များ လာရောက်ပြုလုပ်ပေးမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲမှ ဦးစီးအရာရှိ ဦးဖြိုးပြည့်ကိုကိုက ပြောကြားသည်။
15-Nov-2018
မန္တလေးမြို့တော်ရှိ ပလက်ဖောင်းများနှင့် လမ်းများပေါ်တွင် ယာဉ်ရပ်နားမှု စနစ်တကျဖြစ်စေရန်နှင့် အများပြည်သူအသုံးပြုရာတွင် စနစ်တကျဖြစ်စေရေးအတွက် မြို့တော်စည်ပင်သာယာရေး ကော်မတီက စီမံချက်ရေးဆွဲနေပြီဖြစ်ကြောင်း ယင်းကော်မတီဝင်များထံမှ သိရသည်။
15-Nov-2018
ပြည်တွင်းဈေးကွက်သို့ ထိုင်းနယ်စပ်မှ တရားမဝင် တင်သွင်းလာသော ကြက်ဥများ ဝင်ရောက်နေကြောင်း မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောကြားသည်။
14-Nov-2018
ချမ်းမြသာစည်မြို့နယ် လေယျာဉ်ကွင်းဟောင်း ပတ်ဝန်းကျင်မှ ကျူးကျော်နေထိုင်သည့်အိမ် ၁၂၀ ခန့်ကို စည်ပင်သာယာရေးကော်မတီနှင့် အထွေထွေအုပ်ချုပ်ရေးအဖွဲ့က ဖယ်ရှားရှင်းလင်းလျက်ရှိရာ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ဘိုးဘွားများလက်ထက်ကတည်းကပင် မြေပိုင်ဆိုသည်ဆိုသော မိသားစုနှင့် ဌာနဆိုင်ရာဝန်ထမ်းများအကြား အငြင်းပွားမှုများဖြစ်ခဲ့သည်။
13-Nov-2018
မန္တလေးနန်းရှေ့ ၆၂ လမ်းနှင့် ၆၆ လမ်းကြား ၁၄ လမ်းပေါ်တွင် နေ့ညဖွင့် လှစ်ရောင်းချမည့် အပန်းဖြေဈေးတန်း တည်ဆောက်ရန်စီစဉ်နေကြောင်း မန္တလေးမြို့တော်စည်ပင်ထံမှ သိရသည်။