News

POST SECTION

LOCALNEWS

20-Mar-2018
မန္တလေး အောင်မြေသာစံမြို့နယ်အတွင်းရှိ အမှတ်(၄) နယ်မြေရဲစခန်းမှာ လူစုလူဝေးဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေကို ခဲ၊ ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့သူ ၁၁ ဦးကို မနေ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
17-Mar-2018
သက်ငယ်မုဒိမ်းမှုအတွက် ထိရောက်တဲ့ဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းပေးဖို့ ဧရာဝတီတိုင်းက လူမှုအဖွဲ့အစည်းတွေက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကို သတင်းထောက် မောင်မျိုးထက် (ပုသိမ်)က ရိုက်ကူးထားပါတယ်။
17-Mar-2018
ကလေးဝမြို့က ချင်းတွင်းမြစ်ထဲမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ လောင်းလှေပြိုင်ပွဲအစား လှေလှော်ပြိုင်ပွဲကို ဒီနေ့ကစပြီး ငါးရက်ကြာ ကျင်းပနေပါပြီ။ ဒီသတင်းကို သတင်းထောက် ငြိမ်းသူမင်းက ရိုက်ကူးထားပါတယ်။
15-Mar-2018
၅၈ ကြိမ်မြောက် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားမှာ ဓာတုပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းများ၏ ဘေးအန္တရာယ် ကာကွယ်တားဆီးရေး ဥပဒေကို ပြင်ဆင်မယ့်ဥပဒေကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ထိ ကြိုးစားသွားမယ်လို့ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။
15-Mar-2018
ပခုက္ကူကျောင်းသားသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုသက်မောင်မောင်က ကျောင်းသားသမဂ္ဂတာဝန်ကနေ နှုတ်ထွက်ဖို့ ခံဝန်ချက်လက်မှတ်ထိုးရမှာကို ငြင်းဆန်ခဲ့တာကြောင့် မိဘတွေနဲ့အတူ တပ်ထဲမှာ နေထိုင်ခွင့်မရတော့တာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
15-Mar-2018
နိုင်ငံတော်အစိုးရကို ဆန့်ကျင်တဲ့ သပိတ်စခန်းဖွင့်လှစ်ရာမှာ ပါဝင်ကြောင်း သက်သေမပြနိုင်ဘဲ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတာဖြစ်တယ်လို့ ဦးကျော်မျိုးရွှေက ပြောပါတယ်။
15-Mar-2018
သုံးဆယ်မြို့မှာ ပြောင်းလဲထားတဲ့ တစ်လမ်းမောင်းစနစ်တွေကို မလိုက်နာရင် ဥပဒေအရ အရေးယူသွားမယ်လို့ သာယာဝတီ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆန်းအောင်က ပြောပါတယ်။ စက်ဘီး၊ ဆိုင်ကယ်နဲ့ ကားတွေ စနစ်တကျ သွားလာရပ်နားနိုင်ဖို့ တစ်လမ်းမောင်းစနစ်ကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
14-Mar-2018
ဖမ်းဆီးခံထားရတဲ့ သတင်းသမားနှစ်ဦး ပြန်လွှတ်ပေးဖို့အတွက် မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီနဲ့ ပုသိမ်အခြေစိုက် သတင်းသမားတွေက ဒီနေ့ ပုသိမ်မြို့မှာ ဆန္ဒဖေါ်ထုတ်ခဲ့ကြပါတယ်။
14-Mar-2018
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်မှ တောင်သူ ၂၀ ခန့်က သိမ်းဆည်းခံလယ်မြေဧက ၄၅၀ ပြန်ပေးဖို့အတွက် အစိုးရအဖွဲ့ကို ဖေဖော်ဝါရီလ ပထမပတ်မှာ တင်ပြတောင်းဆိုထားတယ်လို့ တောင်သူတွေဆီကနေ သိရပါတယ်။
14-Mar-2018
ရန်ကုန်မြို့ ဒဂုံမြို့သစ် မြောက်ပိုင်း ပင်လုံရင်ပြင်မှာ (၁၀၃) နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်အနေနှင့် ဗိုလ်ချုပ်ကြေးရုပ်ထု ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပြီး သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက မြန်မာဝတ်စုံဝတ် ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌပုံ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုတွေ ထုလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
14-Mar-2018
ဧရာဝတီတိုင်းဒေသကြီး ဘတ်ဂျက် ပိုလျှံငွေ သိန်း ၉ ရာခန့်နဲ့ ပုသိမ်မြို့ရဲ့ ဈေးချောင်း ချောင်းကို ပြန်လည်တူးဖော်နေပြီး ဖြစ်ပါတယ်။
14-Mar-2018
ဧရာဝတီတိုင်းဒေသကြီး ဘတ်ဂျက် ပိုလျှံငွေ သိန်း ၉ ရာခန့်နဲ့ ပုသိမ်မြို့ရဲ့ ဈေးချောင်း ချောင်းကို ပြန်လည်တူးဖော်နေပြီး ဖြစ်ပါတယ်။
14-Mar-2018
တိုက်ကြီးမြို့နယ်မှာ တောဆင်ရိုင်းတွေ ကျေးရွာတွေထဲကိုဝင်ရောက်ပြီး နေအိမ်တွေ သီးပင်စားပင်တွေ ဖျက်ဆီးနေတာကြောင့် မြိုင်ဟေဝန်ဆင်စခန်းက ဆင်တွေနဲ့ လိုက်လံခြောက်မောင်းနေရတယ်လို့ အဲဒီစခန်းက ဆင်ဦးစီးက ပြောပါတယ်။
14-Mar-2018
ဖေဖော်ဝါရီလ ၁၄ ရက် ချစ်သူများနေ့မှာ ပုသိမ်မြို့ရဲ့တည်းခိုခန်းတွေကို ရဲတပ်ဖွဲ့က တရားဝင်လိုင်စင် ရှိ မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြပါတယ်။