News

POST TYPE

LOCAL NEWS

လားရှိုးမြို့အနီးမှာ နံနက်ပိုင်းက တိုက်ခိုက်ခံခဲ့ရ
20-Aug-2019

လားရှိုးမြို့အလွန် လားရှိုး-သိန္နီလမ်းပေါ်မှာ နံနက် ၉ နာရီ မိနစ် ၄၀ လောက်က လက်နက်ကြီးနှစ်ကြိမ်အပစ်ခံရပြီး ဆီဆိုင်နှစ်ဆိုင် မီးလောင်ခဲ့ရပါတယ်။

ဒါ့အပြင် သိန္နီ-ကွမ်းလုံလမ်း ၄၁ မိုင်နားက တံတားလည်း မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။

အဲဒီတိုက်ခိုက်ခံရမှုတွေထဲက သိန္နီ-ကွမ်းလုံလမ်း ၄၁ မိုင်နားက တံတားမိုင်းခွဲခံရတာကို The Voice သတင်းစာရဲ့ သတင်းရင်းမြစ်တစ်ဦးက ပေးပို့လာတဲ့ ဗီဒီယိုတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

ဗီဒီယို - ကိုဇော်နိုင်ဦး