POST TYPE
LOCAL NEWS
ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရ
15-Aug-2019
ဒီနေ့နံနက်အစောပိုင်းက သီပေါ၊ နောင်ချိုနဲ့ ပြင်ဦးလွင်မြို့တစ်လျှောက် တအာင်း (ပလေယင်) လက်နက်ကိုင်အဖွဲ့ (TNLA)ရဲ့ တိုက်ခိုက်မှုတွေကိုခံခဲ့ရလို့ တပ်မတော်သားနှစ်ဦး အပါအဝင် ကနဦး လူကိုးယောက်လောက် သေဆုံးထားတယ်လို့ သတင်းရရှိထားပါတယ်။
တိုက်ခိုက်ခံရတဲ့အထဲ ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) ကျောင်းနဲ့ မြို့အဝင် တိုးဂိတ်ဟောင်း၊ နောင်ချိုစစ်ဆေးရေးဂိတ်၊ ရဲကင်းနဲ့ တပ်ရင်းတစ်ခုတို့ အပါအဝင် နောင်ချိုဂုတ်တွင်း တံတားကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့လို့ ဒီနေ့ မနက်ပိုင်း (၁၀) နာရီလောက်မှာ သွားလာရေးပြတ်တောက်သွားပြီလို့ သတင်းရရှိထားပါတယ်။
ဒီမနက် တိုက်ခိုက်ခံရတဲ့အထဲ The Voice သတင်းစာက ရရှိထားတဲ့ နောင်ချိုမြို့နယ်က မူးယစ်စစ်ဆေးရေးရုံးကို တိုက်ခိုက်ခံခဲ့ရတဲ့ ဗီဒီယိုကို ဖော်ပြပေးလိုက်ပါတယ်။
- VIA
- Voice Admin
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021