News

POST TYPE

LOCAL NEWS

စစ်ပွဲရပ်တန့်ရေး ဆန္ဒပြပွဲ ရဲတပ်ဖွဲ့က ဖြိုခွင်း
12-May-2018


မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပွဲတွေ ရပ်တန့်ရေးနဲ့ စစ်ဘေးသင့် ပြည်သူတွေကို လွတ်လပ်စွာ ကူညီထောက်ပံ့ခွင့်ရရှိဖို့ ဒီနေ့ ညနေမှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှုအဖွဲ့ကို ရဲတပ်ဖွဲ့က ဖြိုခွင်းဖမ်းဆီးလိုက်ပါတယ်။ 

ရန်ကုန်မြို့ တာမွေအဝိုင်းထိပ်မှာ ဆန္ဒပြခဲ့ကြတဲ့ လူ (၇ဝ) လောက်ထဲက ကိုတင်ထွဋ်ပိုင်၊ ကိုဇေယျာလွင်၊ ကိုဖိုးစိုးတို့အပါအဝင် ရှစ်ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့တာပါ။

မူလအစီစဉ်အရ ဒီညနေ (၅) နာရီမှာ တာမွေ အဝိုင်းထိပ်ကနေ မဟာဗန္ဒုလပန်းခြံအထိ ချီတက်ဖို့ရှိပေမယ့် ရဲတပ်ဖွဲ့က တားဆီးတာကြောင့် အဲဒီနေရာမှ မိနစ် ၄၀ ကျော် 
ထိုင်ပြီးဆန္ဒပြခဲ့ရာက အပြန် လူစုခွဲချိန်မှာ ရဲတပ်ဖွဲ့က အင်အားသုံးပြီး ဖမ်းခဲ့တာလည်းဖြစ်ပါတယ်။