News

01-Jan-2017 tagged as မိုးလေဝသ
လက်ရှိဆောင်းရာသီသည် ပုံမှန်ထက် အအေးပေါ့နေပြီး လက်ကျန်ဆောင်းရာသီကာလ ဖြစ်သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင်လည်း အအေးမပိုနိုင်ဘဲ အချိန်အခါမဟုတ် မိုးများရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
လူမှုကွန်ရက် စာမျက်နှာတွင် ပြန့်နှံ့နေသည့် ရခိုင်ပြည်နယ် မောင်တောတွင် ရဲတပ်ဖွဲ့ဝင်များက ဘင်္ဂါလီများကို နှိပ်စက်နေမှု ရုပ်သံကို ပြန်လည်စိစစ်သွားရန် ရှိပြီး မှန်ကန်ပါက တာဝန်ရှိသူများကို အရေးယူသွားမည် ဖြစ်ကြောင်း သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက The Voice သို့ ပြန်လည်ဖြေကြားသည်။
31-Dec-2016 tagged as ဆရာဝန်
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုတိုက်နယ်ဆေးရုံ တာဝန်ခံ ဒေါက်တာခွန်ဝင်းလတ်ကို ကျန်းမာရေးဌာနမှ ဒေသခံပြည်သူများ၏ ဆန္ဒသဘောထားကို လျစ်လျူရှုကာ အခြားနေရာသို့ ပြောင်းရွှေ့မည်ဆိုပါက အလုပ်မှ နုတ်ထွက်ခိုင်းရန် တောင်းဆိုမည် ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
31-Dec-2016 tagged as
အင်းစိန်အကျဉ်းထောင်တွင် ထားရှိရမည့် အကျဉ်းသားနှင့် အချုပ်သားဦးရေထက် လူငါးထောင့်ခြောက်ရာကျော် ပိုလျှံလာခြင်းကြောင့် လူနေအိပ်ဆောင်များကို တိုးချဲ့ပြင်ဆင်သွားရန် စီစဉ်နေကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရှိရသည်။
31-Dec-2016 tagged as ဒေါ်လာဈေး
ငွေလဲနှုန်း တည်ငြိမ်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ အစိုးရထံသို့ တင်ပြမည့် အကြံပြုစာ ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းအမေရိကန် ဒေါ်လာဈေး ကျဆင်းသွားကြောင်း ငွေကြေးဈေးကွက် အတွင်းမှ သိရသည်။
31-Dec-2016 tagged as ကား
နှစ်သစ်ဇန်န၀ါရီလမှ စတင်၍ မော်တော်ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများ ထိုင်ခုံခါးပတ် မပတ်ပါက မော်တော်ယာဉ် ဥပဒေဖြင့် ငွေဒဏ်ရိုက်၍ အရေးယူမည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူး ရုံးထံမှ သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လူငယ်များနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေး စကားဝိုင်းတစ်ရပ်ကို ယနေ့ နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။
30-Dec-2016 tagged as သူနာပြု
၂၀၁၇ ဇန်န၀ါရီ ၁ ရက်နေ့မှစ၍ သူနာပြုများ ယူနီဖောင်း ပြောင်းဝတ်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၊ ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှုး (သူနာပြု) ဒေါ်ခင်မာကြည်က The Voice သို့ ပြောကြားသည်။
နှစ်သစ် ဇန်န၀ါရီလမှ စတင်၍ မော်တော်ယာဉ်မောင်းနှင့် လိုက်ပါ စီးနင်းသူများ ထိုင်ခုံ ခါးပတ် မပတ်ပါက မော်တော်ယာဉ် ဥပဒေဖြင့် ငွေဒဏ်ရိုက်၍ အရေးယူမည် ဖြစ်ကြောင်း
30-Dec-2016 tagged as
မြန်မာနိုင်ငံအနှံ့ ရုပ်ရှင်ရုံ ၁၀၀ ဆောက်လုပ်မည့် စီမံကိန်း အနေဖြင့် ယခုနှစ်အတွင်း ရုပ်ရှင်ရုံ နှစ်ရုံ ဖွင့်လှစ်သွားမည်ဟု ပြောကြားခဲ့သော်လည်း ခွင့်ပြုချက် မရသဖြင့် နှစ်သစ်တွင်မှ ဆယ်ရုံ တစ်ပြိုင်တည်း တည်ဆောက် ဖွင့်လှစ်သွားမည်
30-Dec-2016 tagged as မိုးပြာ
အငြင်းပွားဖွယ် ဘာသာရေး အယူအဆ၊ ဟောပြောချက်များနှင့် ပတ်သက်၍ မိုးပြာဆရာတော်ဟု လူသိများသည့် ဦးဥာဏကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ ကြေညာချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောဆိုသည်။
30-Dec-2016 tagged as နှစ်သစ်ကူး
နှစ်သစ်ကူးညတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၏ အရေးပေါ် ဌာနရှိ ၀န်ထမ်းများကို အခြားနေ့များထက် တစ်ဆ ပိုမို တာဝန်ချထားမည်ဖြစ်ကြောင်း ဆေးရုံအုပ် ဒေါက်တာ ခင်ခင်ထွေးက ပြောကြားသည်။
30-Dec-2016 tagged as ရခိုင်အရေး
ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားနေသည့် ပြဿနာများမှာ ရ၀မ်ဒါ၊ ကိုဆိုဗို စသည့် ကမ္ဘာ့လူမျိုးတုံး သတ်ဖြတ်မှုများအတိုင်း ထပ်တူ ဖြစ်လာနိုင်သည်ဟုဆိုကာ ရခိုင်အရေးတွင် ကုလသမဂ္ဂက ကြားဝင် ဖြေရှင်းပေးရန် နိုဘယ်လ်ဆုရှင် ၁၃ ဦးက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ အိတ်ဖွင့်စာပေးပို့ တောင်းဆိုလိုက်သည်။
30-Dec-2016 tagged as ပုသိမ်
ကမ်းခြေတွင် ဈေးရောင်းချခွင့်ပြုရန် ချောင်းသာကမ်းခြေမှ ဈေးသည် ၇၀ ကျော် ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့သို့ ပထမဆုံးအကြိမ် လာရောက်၍ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြကြောင်း ဆန္ဒဖော်ထုတ်သူများထံမှ သိရသည်။
၂၇၅၆ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်၊ နေပြည်တော်၊ ဧရာဝတီ၊ ပဲခူးတိုင်း၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ခမ်းနားစည်ကားစွာ ကျင်းပပြုလုပ်ရာ မြန်မာ့နိုင်ငံရေး သမိုင်းတွင် ပထမဆုံး ခမ်းနားစည်ကားစွာ ကျင်းပနိုင်ခြင်းဖြစ်သည်။