News

04-Jan-2017 tagged as ခရီးသည်တင်
ရန်ကုန်မြို့တော်အတွင်း ဇန်နဝါရီ လ ၁၅ ရက်မှစ၍ အများပိုင်ကဲ့သို့ စုစည်းပြေးဆွဲမည့် ခရီးသည်တင် ယာဉ်လိုင်းများ၏ စည်းကမ်း ဖောက်ဖျက်မှုကို အများ ပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က တိုက်ရိုက် အရေးယူမည်
04-Jan-2017 tagged as မော်တော်ယာဉ်
ရန်ကုန်မြို့တော်အတွင်း ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှစ၍ ထိုင်ခုံခါးပတ် ပတ်ဆင်ခြင်း မရှိသည့် မော်တော်ယာဉ်များကို ဖမ်းဆီးခဲ့ရာ နှစ်ရက်အတွင်း မော်တော်ယာဉ် ၉၀ ကျော်ကို အရေးယူခဲ့ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
03-Jan-2017 tagged as ရခိုင်အရေး
ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများအား ထောက်ပံ့မှုများပေးရန် အင်ဒိုနီးရှားနိုင်ငံ၏ ကမ်းလှမ်းမှုကို အစိုးရက သဘောတူလက်ခံပြီး ဇန်နဝါရီလအတွင်း ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်
လမ်းမတော်မြို့နယ်၊ အနော်ရထာ ၈ လမ်းထိပ်တွင် ဈေးရောင်းချနေသည့် လမ်းဘေးဈေးသည်များကို ဇန်န၀ါရီ ၃ ရက်၊ နံနက် ၉ နာရီက ရှင်းလင်းစဉ် စည်ပင် အရာရှိ နှစ်ဦးနှင့် ဝန်ထမ်းတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း
03-Jan-2017 tagged as မောင်တော
ကုလသမဂ္ဂမှ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ယခုလအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်မည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက The Voice သို့ ပြောသည်။
03-Jan-2017 tagged as ရွှေတိဂုံ
ရွှေတိဂုံစေတီတော်သို့ ဒီဇင်ဘာလတွင် နိုင်ငံခြားသား ခုနစ်သောင်းငါးထောင်ကျော် တက်ရောက်ခဲ့ပြီး ဧည့်ဝင်ကြေး ကျပ်သိန်းခြောက်ထောင်ကျော် ရရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ထံမှ သိရှိရသည်။
03-Jan-2017 tagged as ပညာရေး
စတုတ္ထတန်း ခရိုင်စစ်နှင့် အဋ္ဌမတန်း တိုင်းစစ်အတန်းတင် စာမေးပွဲများကို ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၇ ရက်အထိ စစ်ဆေးမည်ဖြစ်ပြီး ကျောင်းတွင်းစစ် ဖြစ်သော အခြားအတန်းများ (ဒသမတန်းမပါ) ကို ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၈ ရက်အတွင်း စစ်ဆေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က The Voice သို့ ပြောကြားသည်။
02-Jan-2017 tagged as
ကျိုက်ထိုမြို့နယ်ရှိ ဟိုတယ် ဆောက်လုပ်မည့် မြေနေရာတွင် လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ တစ်ဖွဲ့မှ ဗိုလ်မှူးဟု ဆိုသူနှင့် ပိုင်ဆိုင်မှုအတွက် အငြင်းပွားမှု ဖြစ်နေခြင်းကြောင့် မိမိမိသားစု၏ လုံခြုံရေး ထိခိုက်မည်ကို အလွန် စိုးရိမ်ကြောင်း ရုပ်ရှင်သရုပ်ဆောင်လွင်မိုးက ပြောကြားသည်။
02-Jan-2017 tagged as
အမျိုးသမီးများ အကြမ်းဖက်ခံရမှုကို တစ်နေရာထဲတွင် ဖြေရှင်းပေးနိုင်မည့် ပြီးပြည့်စုံသည့်စင်တာ (One Stop Women Support Center) တစ်ခုကို ၀န်ကြီးဌာနများနှင့် ပူးပေါင်း၍ ဖေဖော်ဝါရီလအတွင်း စတင် ဖွင့်လှစ်သွားမည်ဖြစ်သည်ဟု အခရာ အမျိုးသမီးအဖွဲ့မှ ဦးဆောင်ဒါရိုက်တာ မထားထားက ပြောသည်။
02-Jan-2017 tagged as
(၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနား ကျင်းပပြုလုပ်မည့် ရန်ကုန်မြို့တော် မဟာဗန္ဓုလပန်းခြံကို လုံခြုံရေးအရ ဇန်န၀ါရီ ၂ ရက်နေ့မှ ဇန်န၀ါရီ ၄ ရက်နေ့ နံနက်အထိ နှစ်ရက် ခေတ္တ ပိတ်ထားမည်
02-Jan-2017 tagged as
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်ရှိ သိမ်ဖြူလမ်းတွင် ဇန်န၀ါရီလ ၇ ရက်မှစ၍ အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များ၌ စာအုပ် အရောင်းဆိုင် တစ်ရာကျော် ပါဝင်သော စာအုပ်ဈေးတန်းကို ဖွင့်လှစ်မည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီး ဌာနထံမှ သိရသည်။
02-Jan-2017 tagged as ခရီးသည်တင်
ရန်ကုန်မြို့တော်အတွင်း လက်ရှိ ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်းများအနေနှင့် အများပိုင် ကုမ္ပဏီစနစ် မစတင်နိုင်သေးချိန်တွင် စုစည်း၍ ပြေးဆွဲမည့် အစီအစဉ်ကို ဇန်န၀ါရီလ ၁၅ ရက်တွင် စတင်မည်
02-Jan-2017 tagged as အမြန်လမ်း
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ်အတွင်း ယာဉ်တိမ်းမှောက်မှု ၇၄၄ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အရေအတွက် ၁၆၇ ဦး ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရှိသူ အရေအတွက် ၁၃၁၇ ဦး ရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) ထံမှ စုံစမ်းသိရှိရသည်။
01-Jan-2017 tagged as ရန်ကုန်
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသဌာနတွင် ၂၀၁၇ ခုနှစ် နှစ်သစ်ကူးညအတွင်း ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့် လာရောက်ကုသခဲ့သည့် လူနာ ၇၃ ဦး ရှိခဲ့ပြီး ယာဉ်မတော်တဆမှုနှင့် ခိုက်ရန်ဖြစ်ပွားမှု အများဆုံး ပါဝင်ပြီး လူ ၄ ဦး သေဆုံး ခဲ့ကြောင်း ယင်းဆေးရုံကြီးမှ သိရှိရသည်။
01-Jan-2017 tagged as
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ် ပြေးဆွဲနေသည့် ကုန်တင်ယာဉ်ကြီးများသည် ကုန်တင်ခ ဈေးတက်လာသဖြင့် ကုန်သည်များ အခက်တွေ့နေရ ကြောင်း လားရှိုးမြို့ရှိ ကုန်သည်ကြီးများ အသင်းထံမှ သိရသည်။