News

08-Jul-2019
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်အတွင်း ယနေ့  နံနက် ၁၁ နာရီခန့်က လေပြင်းတိုက်ခတ်မှ မြို့မ ၁ ရပ်ကွက်ရှိ နေအိမ်အလုံး ၇၀ ကျော်ခန့် ထိခိုက်ပျက်စီးခဲ့သည်ဟု ညောင်လေးပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမာန်အောင်က ပြောကြားသည်။
08-Jul-2019
ရှမ်းပြည် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးက လမ်းပေါ်သွားလာနေသည့် ကလေးငယ်များကို လိုက်လံဆွဲလုယူနေသဖြင့် ရဲတပ်ဖွဲ့က ခေါ်ယူထိန်းသိမ်းထားရကြောင်း လားရှိုးမြို့မ ရဲစခန်းမှူး ဒုရဲမှူးမြင့်ကျော်က ပြောသည်။
08-Jul-2019
ကယားပြည်နယ်အတွင်း တပ်မတော်သိမ်းယူထားသည့် လယ်ယာမြေများကို မူလတောင်သူများထံပြန်ပေးရေး၊ စိုက်ပျိုးခွင့်ပြုရေးနှင့် တရားစွဲဆိုခံထားရသည့် ကရင်နီတောင်သူများကို ပြန်လွှတ်ပေးရေး ကရင်နီတောင်သူများက ဒုတိယအကြိမ်ဆန္ဒပြခဲ့ကြသည်။
08-Jul-2019
ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း ပဲခူးမြို့နယ်အပါအဝင် မြို့နယ်ပေါင်း ၅ ခုရှိ မိုးစပါးစိုက်ခင်းများတွင် ယခုနှစ် ဇွန်လ နောက်ဆုံးပတ်မှစပြီး ရွှေခရုများ ကျရောက်ဖျက်ဆီးခံနေရကြောင်း ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
08-Jul-2019
လယ်ဝေးမြို့နယ်၊ ရေပြာကျေးရွာတွင် ဇူလိုင် ၇ ရက် နံနက် ၂ နာရီက အမျိုးသားတစ်ဦးကို ဓားဖြင့် ထိုးသူအား သွားရောက်ဖမ်းဆီးစဉ် ဓားလှံများ ကိုင်ဆောင်၍ ပြန်လည်ရန်ပြုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် သုံးဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
08-Jul-2019
ရာသီတုတ်ကွေး H1N1 သံသယကြောင့် ယာယီသွားလာခွင့်ပိတ်ထားသည့် လှည်းကူးသီလရှင်ကျောင်းမှ ၈ လသား ကလေးငယ်မှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်သဖြင့် ကျောင်းရှိ သီလရှင်များ လွတ်လပ်စွာ သွားလာနိုင်ပြီဖြစ်ကြောင်း အဆိုပါသီလရှင်ကျောင်းမှ စုံစမ်းသိရှိရသည်။
08-Jul-2019
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ် နားတော်၊ မကိုဋ် ၃ ဆင့်၊ ရွှေထီးတော်များအား ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဇူလိုင်လ ၇ ရက်နေ့၌ တစ်ညတာ ရင်ငွေ့လှုံ အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။
07-Jul-2019
ဆရာ၊ ဆရာမများအနေဖြင့် ညွှန်ကြားထားသည့်အတိုင်း လက်ဆောင်ပစ္စည်းပေးခြင်း၊ ယူခြင်းလုံးဝမပြုလုပ်ရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်နေ၍ ဆရာ၊ ဆရာမများက စံပြနေထိုင်ကြရန် ပညာရေးဝန်ကြီးက သတိပေးပြောဆိုသည်။
07-Jul-2019
တပ်မတော်မှ တရားစွဲဆိုဖမ်းဆီးခံထားသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များနှင့် မန္တလေးတိုင်း အောင်သပြေကျေးရွာရှိ ကိုးတန်းကျောင်းသာ မောင်တူးဝေယံကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (ဗကသ) က ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။
07-Jul-2019
တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက် ပုန်းညက်လမ်းပေါ်တွင် ဇူလိုင်လ ၆ ရက် မွန်းတည့် ၁၂ နာရီခန့်က အမျိုးသားနှစ်ဦး စီးလာသည့် အိမ်စီးယာဉ်ကို စစ်ဆေးရှာဖွေရာမှ ကျပ်သိန်း ၈၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိခဲ့ကြောင်း တာချီလိတ်မြို့ မူးယစ်တပ်ဖွဲ့စု (၃၀) ထံမှ သိရသည်။
07-Jul-2019
ကိုကိုးကျွန်းမြို့၏ အရှေ့မြောက်ဘက် ၈၂ မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်အတွင်းကို ဗဟိုပြု၍ ယနေ့ (ဇူလိုင် ၇) မွန်းလွဲ ၁ နာရီခွဲခန့်က အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
06-Jul-2019
အာဇာနည်နေ့တွင် တွံတေးမြို့နယ်၊ မငေးအလယ်ရွာမှ ဗိုလ်ချုပ်အောင်ဆန်းဆုံးပါးခဲ့စဉ်က ဗိုလ်ချုပ်ရုပ်ကလာပ် ပြင်ဆင်ခဲ့သည့် ခုတင်နှင့် ခေါင်းတလားကို ဖျက်ထားသည့် မှန်ချပ်များအပြင် ရှေးဟောင်းပစ္စည်း အများအပြားရှိသည့် သာသနာ့ဝေပုလ္လ ကျောင်းတော်ကြီးကှို အများပြည်သူများ ကြည့်ရှုနိုင်ရန် နံနက်မှ ညအထိ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း တွံတေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ထံမှ သိရသည်။
06-Jul-2019
အစိုးရအိမ်ရာများ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာစေရန် အစိုးရအနေနှင့် အခြေအနေအမှန်ကို ထုတ်ဖော်ပြောရန်လိုအပ်ကြောင်း ဇူလိုင်လ ၆ ရက်နေ့က မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပသည့် အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ၌ လုပ်ငန်းရှင်များက ပြောကြားသည်။
06-Jul-2019
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပေဒကို ကန့်ကွက်ရှုတ်ချခြင်း လူထုဆန္ဒထုတ်ဖော်ပွဲကို လူဦးရေနှစ်ထောင်ခန့်ဖြင့် ပြုလုပ်ခဲ့ကြောင်း ယင်းပွဲတွင် ပါဝင်ခဲ့သော ဦးအောင်ကိုစံက ပြောကြားသည်။
05-Jul-2019
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ကြာအင်းတွင် ဇူလိုင် ၃ ရက် နံနက်ပိုင်းက သားနှစ်ဦး ရန်ပွဲကို ဝင်တားဆီးခဲ့သည့် မိခင်ဖြစ်သူမှာ ဓားထိုးခံရသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။