News

02-Jul-2017
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Fillippo Grandi နှင့် အဖွဲ့ဝင်များသည့် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေပြီး၊ ဒုက္ခသည် စခန်းများကို သွားရောက် တွေ့ဆုံမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြန်ကြားရေးဆက်သွယ်ရေး အရာရှိ ဦးသက်ဆွေက ပြောကြားသည်။
02-Jul-2017
အများပြည်သူ စိတ်ဝင်စားနေသည့် မင်္ဂလာဒုံမြို့နယ်မှ လေးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့သော နေအိမ်မှာ တိုင်းအစိုးရအဖွဲ့မှ ထုတ်ပေးသည့် ကျူးကျော်စလစ်ပြား ရရှိခဲ့ကြောင်း ယင်းနေအိမ်မှ တစ်ဦးတည်း အသက်ရှင် ကျန်ရစ်ခဲ့သူ ဒေါ်ရီရီနွဲ့က ပြောကြားသည်။
02-Jul-2017
မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ စီမံခန့်ခွဲမှု အညွှန်းကိန်းသည် Resource Governance Index အရ ကျောက်မျက်ရတနာ အပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ခန့်ခွဲအုပ်ချုပ်မှု ညံ့ဖျင်းသောအဆင့်၌ ရှိကြောင်း ကမ္ဘာလုံးဆိုင်ရာ အညွှန်းကိန်းအဖွဲ့ Natural Resource Governance Institute (NRGI) က ထုတ်ပြန်သည်။
01-Jul-2017
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အစားထိုး ပြောင်းထားသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးသည် ကြေညာချက် ထုတ်ပြန်သော ဇွန်လ ၃၀ ရက်မှစ၍ တာဝန် ထမ်းဆောင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
01-Jul-2017
ကုမ္ပဏီနှစ်ခုဖြင့် စုပေါင်း ပြေးဆွဲသည့် YBS 21 ယာဉ်လိုင်းမှ ခေတ်သစ် ဘုရင့်နောင် ကုမ္ပဏီလက်အောက်ရှိ ယာဉ်လုပ်သားနှစ်ဦးက ခရီးသည်ကို ရိုင်းပျစွာ ဆက်ဆံခြင်းကြောင့် ၎င်းတို့ကို ရာသက်ပန် ထုတ်ပယ်သည့် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
01-Jul-2017
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အစွန်းရောက် အကြမ်းဖက်သမားများကြောင့် အရပ်သားများ သတ်ဖြတ်ခံရမှုများနှင့် ပျောက်ဆုံးမှု အရေအတွက် စိုးရိမ်ဖွယ် မြင့်တက်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီထံမှ သိရသည်။
30-Jun-2017
တအောင်းတိုင်းရင်းသား လက်နက်ကိုင်နယ်မြေသို့ သတင်းသွားယူရာမှအပြန် တပ်မတော်စစ်ကြောင်းက ဖမ်းဆီးပြီး တရားစွဲခံထားရသော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် ဧရာဝတီ သတင်းဌာနတို့မှ သတင်းထောက်သုံးဦးကို တရားစွဲမှု ပယ်ဖျက်ရန် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသည့် HRW အဖွဲ့က တောင်းဆိုလိုက်သည်။
30-Jun-2017
အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်သွားသော SCL Myanmar ကုမ္ပဏီကို အရေးယူဆောင်ရွက်နိုင်ရန် ငွေကြေးအလိမ်ခံခဲ့ရသူများက အသိပေးတိုင်ကြားရန် လိုကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်(SECM) က ဇွန်လ ၂၇ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
30-Jun-2017
တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ သစ္စာလမ်းမပေါ်ရှိ KBZ ဘဏ်ခွဲတစ်ခုတွင် တွေ့ရှိခဲ့သည့် ငွေစက္ကူအတု နှစ်ရွက်ကို ဇွန်လ ၂၉ ရက် ညနေ ၄ နာရီခန့်က ယင်းမြို့မ ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်။
30-Jun-2017
ထိုင်းနိုင်ငံတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား ဖမ်းဆီးမှုကို ဇွန်လ ၃၀ ရက်နေ့မှ စတင်ကာ ရက်ပေါင်း ၁၂၀ ရပ်ဆိုင်းထားမည်ဟု ထိုင်းအစိုးရက အကြောင်းကြားလာကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ပြောကြားသည်။
30-Jun-2017
သာသနာ့အလံတော်ကို နိုင်ငံတော်အဆင့် သံဃာ့အဖွဲ့အစည်းများက သတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း သုံးစွဲခြင်း မရှိဘဲ ၎င်းတို့၏ ဆန္ဒသဘောနှင့်အညီ နိုင်ငံရေး၊ လူမှုရေးနှင့် လောကီရေးရာများ၌ သုံးစွဲလျှင် တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဇွန်လ ၂၈ ရက်၌ ထုတ်ပြန်ခဲ့သည်။
30-Jun-2017
ရန်ကုန်မြို့သို့ ရေပေးဝေနေသည့် မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကားရေလှောင်ကန်မှ ရေပိုက်လိုင်း ချို့ယွင်းသွားသောကြောင့် ရန်ကုန်မြို့ရှိ မြို့နယ် ၁၄ ခုတွင် နှစ်ရက်ကြာ ရေပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှု ဌာနထံမှ သိရသည်။
29-Jun-2017
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့် အရေးချိုးဖောက်မှုများ ကျယ်ပြန့်စွာ ရှိခဲ့သည့် စွပ်စွဲချက်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းထားသည့် အချက်အလက် ရှာဖွေစုံစမ်းဖော်ထုတ်ရေးအဖွဲ့ (Fact Finding Mission) ကို မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်း မရှိရန် ကာကွယ်တားဆီးမှုများ ပြုလုပ်ရန် ညွန်ကြားထားပြီ
29-Jun-2017
ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းနှင့်ပြည်နယ် ခုနစ်ခုရှိ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးခုနစ်ဦးကို အပြောင်းအရွှေ့ ပြုလုပ်ရန် ဇွန်လနောက်ဆုံးပတ်က အကြောင်းကြားစာ ပေးပို့ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
29-Jun-2017
သတင်းမီဒီယာသမား အပါအဝင် အင်တာနက် အွန်လိုင်းသုံးစွဲသူများကို ခြိမ်းခြောက်နေသည့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆( ဃ)နှင့်ပတ်သက်၍ စွပ်စွဲခံရသူကို အာမခံ မပေးခြင်းမှာ မဖြစ်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။