News

14-May-2017
မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာမွန်ဈေးရှိ ကလပ်များကို လုပ်ငန်းလိုအပ်ချက်ကြောင့်ဟု ဆိုကာ ပိတ်သိမ်းခဲ့သည့်အပေါ် အလုပ်လက်မဲ့ ဖြစ်ပေါ်ခဲ့သည့် ဝန်ထမ်းများက ပြန်လည်ဖွင့်ခွင့် ရရှိရန် ယင်းဈေးရှေ့တွင် ယနေ့ (မေလ ၁၄ ရက်) နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။
14-May-2017
မင်္ဂလာဒုံမြို့နယ်၊ လေးလောင်းပြိုင် လူသတ်မှု၊ ကြည့်မြင်တိုင်မြို့နယ် နေ့ခင်းကြောင်တောင် ပြန်ပေးဆွဲမှု အပါအဝင် ကြီးမားသော ရာဇဝတ်မှုခင်းကြီးများ မဖော်ထုတ်နိုင်ခြင်းမှာ ရဲတပ်ဖွဲ့တွင် နည်းပညာ အားနည်းမှုကြောင့် ဖြစ်ကြောင်း ရဲမှူးချုပ် ဝင်းခေါင် (ငြိမ်း) က ပြောကြားလိုက်သည်။
14-May-2017
ရွှေတိဂုံဘုရား လုံခြုံရေးအတွက် ဘုရားပုရိဝဏ်အတွင်း Drone မလွှတ်ရန် ပရဟိတအဖွဲ့အချို့နှင့် ပူးပေါင်းကာ ယခုမေလအတွင်း ပညာပေး စည်းရုံးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
14-May-2017
ဧရာဝတီတိုင်းဒေသကြီးအစိုးရ၏ လုပ်ဆောင်ချက်များအပေါ် ဒေသခံပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် NLD ပါတီဝင်အချို့ အားမလိုအားမရ ဖြစ်နေပါက သည်းခံပေးကြပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းထိန်က ပြောကြားသည်။
13-May-2017
ရန်ကုန်မြို့တွင်းရှိ အိမ်နောက်ဖေး လမ်းကြားများ သန့်ရှင်းစေရန် ရည်ရွယ်၍ ကျောက်တံတားမြို့နယ် ၃၉ လမ်းရှိ နောက်ဖေးလမ်းကြားကို ပန်းခြံငယ်တစ်ခုအဖြစ် အလှဆင်ရန် မြို့နယ်ပြည်သူများနှင့် တို့အိမ် (Doh Eain) အဖွဲ့တို့ စတင် ပြုလုပ်နေသည်။
13-May-2017
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ မြယာကုန်း ပဋိပက္ခဖြစ်စဉ်မှ ဖမ်းဝရမ်း ထုတ်ထားသည့် သံဃာနှစ်ပါး တရားရင်ဆိုင် ဖြေရှင်းပေးပါက အာမခံ ပေးနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် ရဲမှူးချုပ်တစ်ဦးက ပြောကြားသည်။
13-May-2017
နိုင်ငံတာဝန် ထမ်းဆောင်ပြီး အငြိမ်းစား ယူသွားသည့်ဝန်ထမ်းများ နေထိုင်နိုင်ရန် နေအိမ်၊ တိုက်ခန်းများ အရစ်ကျ ရောင်းချမည့် အစီအစဉ် ဇွန်လ ပထမပတ်မှ စတင်ကာ သုံးလအတွင်း တိုင်းနှင့် ပြည်နယ် အားလုံးတွင် တစ်ပြေးညီ အကောင်အထည်ဖော်မည်
13-May-2017
ရွှေဂုံတိုင် ကလေးပြုစုရေး ဂေဟာတွင် စောင့်ရှောက်ထားသည့် ကလေးငယ် ၄၀ ခန့်ကို မြို့နယ်အချို့ရှိ ကလေးပြုစုရေးဂေဟာ (ကျောင်း) များထံ လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း ယင်းဂေဟာထံမှ သိရသည်။
13-May-2017
ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် ဖြတ်သန်းမောင်းနှင်နေကြသည့် ခရီးသည်တင်ယာဉ်နှင့် အိမ်စီးမော်တော်ယာဉ်များတွင် လိုက်ပါလာသည့် ယာဉ်မောင်းနှင့် ခရီးသည်များကို ထိုင်ခုံခါးပတ်များ တပ်ဆင်မှု မပြုပါက လာမည့် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အမြန်လမ်းမကြီး ဥပဒေများအတိုင်း ဖမ်းဆီးအရေးယူ ဆောင်ရွက်သွားတော့မည် ဖြစ်သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) မှ ရဲမှူးတစ်ဦးက ပြောကြားသည်။
12-May-2017
အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံအတွင်းသို့ မေလ ဒုတိယအပတ်အတွင်း စတင်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန် ထားသည်။
12-May-2017
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနှစ်ဦးအတွက် အယူခံ နောက်ဆုံးအဆင့်ဖြစ်သည့် တရားလွှတ်တော်ချုပ်သို့ အယူခံဝင်ရန် အဆင့်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း မြန်မာသံရုံးက ဖွဲ့စည်းထားသည့် အထူး စုံစမ်းစစ်ဆေးရေးကော်မတီ (၃) မှ တာဝန်ခံ ဦးထူးချစ်က ပြောကြားသည်။
12-May-2017
ကျပ်သိန်းရာချီ ရှိသော မြန်မာငွေ စက္ကူအတုများကို မြန်မာ-အိန္ဒိယနယ်စပ်၌ အာသံရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယ သတင်းအေဂျင်စီ ANI တွင် မေလ ၁၁ ရက်နေ့က ဖော်ပြထားသည်။
12-May-2017
နိုင်ငံတစ်ဝန်း လျှပ်စစ်မီတာခများကို မြင့်တက်မည် ဆိုသော်လည်း လက်ရှိအချိန်တွင် ဆွေးနွေးဆဲ အဆင့်သာ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီထံမှ သိရသည်။
12-May-2017
အငြိမ်းစား လေတပ်အရာရှိများ ဦးဆောင်၍ မြန်မာ့အပျော်တမ်း လေထီးခုန်အဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း အဖွဲ့တည်ထောင်သူ ဖြစ်သည့် အငြိမ်းစား လေတပ်အရာရှိ ဦးအောင်နိုင်သူက ပြောကြားသည်။
12-May-2017
စင်ကာပူနိုင်ငံမှ အဓိက တင်သွင်းသည့် စက်သုံးဆီဈေးနှုန်းသည် ပြည်ပဈေးကျ၍ ပြည်တွင်းစက်သုံးဆီ လက်လီ၊ လက်ကား ဈေးနှုန်းများလည်း လိုက်ပါကျဆင်းကြောင်း စက်သုံးဆီဈေးကွက် အတွင်းမှ သိရသည်။