News

09-Jun-2017
ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးရောဂါမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အများဆုံး ဖြစ်ပွားနေသည့်အပြင် ယခင်နှစ် ဖြစ်ပွားနှုန်းထက် ငါးဆကျော် ပိုမိုဖြစ်ပွားနေပြီး မိန်းကလေး အများဆုံး သေဆုံးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အချက်အလက်များအရ သိရှိရသည်။
09-Jun-2017
ထိုင်းစစ်တပ်အတွင်းမှ လက်နက်များကို ခိုးထုတ်ကာ မှောင်ခိုရောင်းဝယ်မှု နှစ်ခု ဆက်တိုက်ဖြစ်ပွားပြီး နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်ရှိ လက်နက်ကိုင်များကို ထောက်ပံ့ခြင်း မရှိကြောင်း ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ချာလမ် ချိုင်းစစ်တီဆတ်က ပြောဆိုလိုက်သည်။
09-Jun-2017
တစ်လလျှင် ကျပ်သုံးသိန်းအောက် ဝင်ငွေရှိသည့် မိသားစုများကို နေအိမ်၊ တိုက်ခန်း ပိုင်ဆိုင်ခွင့်ရရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB)၊ အိမ်ရာချေးငွေဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမျိုးတင့်က ပြောကြားသည်။
09-Jun-2017
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် နေထိုင်သည့် ဒေသခံများ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟုဆိုသော ‘ကျွန်’ ရုပ်ရှင်ဇာတ်ကားနှင့် သက်ဆိုင်သူများကို ကန့်ကွက်ကြောင်း တိုင်ကြားစာကို ဇွန်လ ၁၀ ရက်နေ့တွင် ရုပ်ရှင်အစည်းအရုံးထံ ပေးပို့မည် ဖြစ်ကြောင်း ညောင်ဦးမြို့ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစန်းမောင်က ပြောကြားသည်။
09-Jun-2017
သတင်းမီဒီယာ လွတ်လပ်ခွင့်အပြင် ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဟန့်တားသည့်နှယ် ရှိနေသည့် ပုဒ်မ ၆၆(ဃ) အပါအဝင် ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်ရန် လုပ်ဆောင်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
09-Jun-2017
ရန်ကုန်မြို့၌ မိုးတွင်းအခါ မကြာခဏ ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှုကို ကန်ဒေါ်လာ သန်းတစ်ရာ သုံး၍ ဖြေရှင်းမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
09-Jun-2017
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းဒေသရှိ ကျေးရွာအချို့တွင် ကြွက်ဝမ်းဖြူများ အုပ်စုလိုက် ဝင်ရောက်လာသော်လည်း သီးနှံများနှင့် သီးနှံစိုက်ခင်းများ ပျက်စီးခြင်း မရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးထွန်းအောင်ကျော်က ပြောကြားသည်။
09-Jun-2017
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းမှ မြို့နယ်များတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ပါက အသစ်ရေးဆွဲထားသည့် စီမံခန့်ခွဲမှု ပြစ်ဒဏ်ဖြင့် ယခုနှစ်တွင် အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနထံမှ သိရသည်။
09-Jun-2017
လေထုမငြိမ်မသက်မှုများကြောင့် လာမည့် သီတင်းပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းတစ်လုံး ဖြစ်လာနိုင်ဖွယ်ရှိကြောင်း မိုးလေဝသပညာ ရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
08-Jun-2017
အခွင့်အရေး ထပ်ပေးထားသော ရောင်းထွက်ခြင်း မရှိသည့် Consignment (အပ်ကုန်စနစ်) မော်တော်ယာဉ်များကို ငါးလအတွင်း လိုင်စင်လာရောက် လျှောက်ထားခြင်း မရှိပါက နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမည်
08-Jun-2017
ပြန်ကြားရေး ဝန်ကြီးဌာနနှင့် တွေ့ဆုံ၍ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းပေးရေး အပါအဝင် အချက်သုံးချက်ကို အမေရိကန်ပြည်ထောင်စု အခြေစိုက် ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ Committee to Protect Journalists (CPJ)က တောင်း ဆိုခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
08-Jun-2017
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်နှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရန်အတွက် နယ်သာလန် လုပ်ငန်းရှင်များ စိတ်ဝင်စားလျက်ရှိပြီး မြန်မာ လုပ်ငန်းရှင်များထံမှ ဆွေးနွေးလေ့လာမည်
08-Jun-2017
ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ချေးငွေယန်း ၂၇၁ ဒသမ ၆၄ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
08-Jun-2017
ကျည်ထောင်စုသစ္စာ သရော်စာ ဖော်ပြ၍ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသည့် The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာရေးသူ ဗြိတိသျှကိုကိုမောင်တို့ အာမခံ လျှောက်ထားမှုကို တရားသူကြီးက ပယ်ချလိုက်သည်။
08-Jun-2017
မသန်စွမ်းသူများ ဥပဒေပါ မသန်စွမ်းသူများ သက်သေခံကတ် (မသန်စွမ်း မှတ်ပုံတင်) များ ထုတ်ပေးရန် မြန်မာနိုင်ငံ မသန်စွမ်းအသင်းချုပ်နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း စီစဉ်နေကြောင်း လူ ကယ်ပြန်ဝန်ကြီးဌာနထံမှ သိရသည်။