News

03-Oct-2016
တပ်မတော်က ကလေးစစ်သားများ စုဆောင်းခဲ့မှု ရှိပါက ယင်းသည် မှားယွင်း စုဆောင်းမှု တစ်ခုသာဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက အောက်တိုဘာလ ၃ ရက်နေ့တွင် ပြောကြားသည်။
03-Oct-2016
ရန်ကုန် တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ် မောင်းနှင်သူများနှင့် လိုက်ပါ စီးနင်းသူများ ထိုင်ခုံ ခါးပတ် မပတ်ပါက ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ အရေးယူမည် ဖြစ်ကြောင်း အမှတ်၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ ခွဲမှူးရုံးထံမှ သိရှိရသည်။
03-Oct-2016
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားအထူးဒေသ (၄) NDAA လက်နက်ကိုင်အဖွဲ့များ နေထိုင်ရာ တပ်စခန်းအချို့ကို အထူးဒေသ (၂) ‘ဝ’ လက်နက်ကိုင်ကိုင်အဖွဲ့ (UWSA) က ဝင်ရောက်ထိန်းချုပ်ထားရာမှ အဆိုပါ တပ်စခန်းများအနက် နှစ်ခုကို အောက်တိုဘာ ၂ ရက်က ပြန်လည်စွန့်လွှတ်လိုက်ကြောင်း ယင်းအဖွဲ့အစည်းများနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။
03-Oct-2016
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် ပုဂ္ဂလိကသတင်းစာ တစ်စောင်၏ အသိအမှတ်ပြုဆု ရခဲ့သည့် ဓမ္မစေတီလမ်းတွင် ယာဉ်ထိန်းတာဝန်ကျသူ တပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီး ခင်မြင့်မောင်ကို ရန်ကုန်မြို့ မိုးသီးပုဂ္ဂလိကအထူးကုဆေးရုံက အခမဲ့ ဆေးကုသခွင့်ပေးရန် ကမ်းလှမ်းထားကြောင်း အဆိုပါ ဆေးရုံမှ အမှုဆောင်အရာရှိချုပ်က The Voice သို့ ပြောကြားသည်။
02-Oct-2016
ရန်ကုန်မြို့ လူဦးရေ၏ ၇၅ ရာခိုင်နှုန်းသည် တစ်လဝင်ငွေ ကျပ်နှစ်သိန်း (သို့မဟုတ်) နှစ်သိန်းအောက် ရရှိသူများသာ ဖြစ်သည့်အတွက် အိမ်ရာနှင့် ပတ်သက်သည့် ကုန်ကျစရိတ်မှာ တစ်လလျှင် ၆၅,ဝဝဝ ကျပ်သာ ဖြစ်သင့်ကြောင်း UN- Habitat ၏ ရန်ကုန်မြို့တွင်း အိမ်ရာနှင့် ပတ်သက်၍ ပြုလုပ်ထားသည့် စစ်တမ်းတွင် ဖော်ပြထားသည်။
02-Oct-2016
ပညာရေး အရည်အသွေး မြင့်မာရေး ဆရာအရည်အချင်း ကောင်းမွန်ရန် အရေးကြီးဆုံးဖြစ်ပြီး မူလတန်းအဆင့် ဆရာများသည် အခြားအဆင့်သင် ဆရာများအောက် အသက်အရွယ်အားဖြင့် ငယ်ရွယ်ခြင်း၊ ရင့်ကျက်မှု၊ အတွေ့အကြုံနှင့် အရည်အသွေးနည်းကြောင်း ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
02-Oct-2016
တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ၏ လိုအပ်ချက်အရ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်ကို ၄၅ ခရီးသည်တင် ယာဉ်လိုင်းက အောက်တိုဘာလတွင် တိုးချဲ့ ပြေးဆွဲမည်
02-Oct-2016
ကုမ္ပဏီ အမည်ပေါက် အငှားယာဉ်များကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံခွင့် မပေးသလို တိုက်ကြေအဖြစ် အပ်နှံပါက သက်ဆိုင်ရာ ကုမ္ပဏီ အမည်ဖြင့်သာ အငှားယာဉ်စလစ် ထုတ်ပေးမည်
01-Oct-2016
အနောက်တောင် မုတ်သုံလေ ဆုတ်ခွာနေစဉ် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေသည့်အတွက် ဒေသအချို့ နောက်နှစ်ရက်အတွင်း မိုးပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။
01-Oct-2016
လူမှုကွန်ရက် စာမျက်နှာများတွင် မတူကွဲပြားသည့် ဘာသာရေးလူမျိုးရေးအပေါ် အမုန်းတရား ဖြစ်စေမည့် ဝါဒဖြန့်သူများနှင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် လူတစ်ဦး၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဆောင်ရွက်ပြီး အတင်းအကျပ် စေခိုင်းမှု၊ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေသူတို့ကို ဖော်ထုတ်အရေးယူမည် ဖြစ်ကြောင်း ရဲချုပ် ဇော်ဝင်းက ပြောကြားသည်။
01-Oct-2016
အပ်ကုန်ပါမစ်ဖြင့် ၂ဝ၁၅ ခုနှစ်က တင်သွင်းခဲ့သော ယာဉ်အစီးရေ တစ်သောင်းကျော်သည် ယခုနှစ် ဒီဇင်ဘာလအတွင်း ကနဦး မှတ်ပုံတင်ရန် ကျန်ရှိသော်လည်း ယင်းကာလအမီ မှတ်ပုံမတင်နိုင်သည့် ယာဉ်များအတွက် ဖြေလျော့ပေးမည် မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်
01-Oct-2016
သုံးလကျော် ရပ်နားထားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို စက်တင်ဘာလ ၂၉ ရက်နေ့က ပြန်လည် စတင်ကြောင်း လွှတ်တော် အစီအစဉ်များအရ သိရသည်။
30-Sep-2016
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ကိုယ်စားလှယ် Ms. Sarah Fox သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေကြောင်း အဆိုပါ ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
30-Sep-2016
ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ (Yangon Heritage Trust-YHT) ၏ ရန်ကုန်မြို့ပြ အမွေအနှစ် မဟာဗျူဟာ ထွက်ပေါ်လာပြီး ရေတိုရေရှည် စီမံကိန်းများနှင့်အတူ ပြင်ဆင် အသုံးပြုနိုင်မည့် အဆောက်အအုံ ၁၁ လုံးကို ယင်းမဟာဗျူဟာတွင် ထည့်သွင်း ဖော်ပြထားသည်။
30-Sep-2016
အမေရိကန်ပြည်ထောင်စုက မြန်မာ နိုင်ငံအပေါ် ပြန်လည်ပေးအပ်မည့် ကုန်သွယ် ခွင့်ဆိုင်ရာ အထူးအခွင့်အရေး (Generalized System of Preference-GSP) ကို မြန်မာ့အထည်ချုပ် ကုန်စည်များ ခံစားခွင့် မရ၍ တင်ပို့မှု သိသာစွာ မတိုးနိုင်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြား