News

10-Jan-2019
လူစိတ်ဝင်စားမှုများပြားသည့် ကဗျာရွတ်ပွဲတစ်ခုဖြစ်သော ယခုနှစ်ကျင်းပသည့် ကျွန်းမကြီးကဗျာရွတ်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ ကဗျာဆရာများအပါအဝင် ကဗျာချစ်သူ ၃၀၀ နီးပါးက ကဗျာဝင်ရွတ်ခဲ့ကြောင်း ပွဲကျင်းပသူများထံမှ သိရသည်။
10-Jan-2019
ပဲခူးတိုင်းအတွင်း လိုင်စင်မရှိဘဲ တရားမဝင်လုပ်ကိုင်နေကြသည့် အုတ်၊ သဲ၊ ကျောက် ထုတ်လုပ်ရေး လုပ်ငန်းများအနေဖြင့် ဇန်နဝါရီလ ၁၁ ရက်နေ့နောက်ဆုံးထား၍ လုပ်ငန်းလိုင်စင်များ လာရောက် လျှောက်ထားရန် ယင်းတိုင်း သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်လှလှဝင်းက ပြောကြားသည်။
10-Jan-2019
မြင်းခြံမြို့ ဆောင်စံအိမ်အငြိမ်အဖွဲ့မှ အငြိမ့်မင်းသမီးကို ဇန်နဝါရီလ ၉ ရက်တွင် ဘိသိက်ဆရာက ဓားနှင့် ထိုးသတ်ခဲ့ရာ အငြိမ့်မင်းသမီး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
10-Jan-2019
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သူနာပြု-သားဖွားဒီပလိုမာ ၃ နှစ်သင်တန်းအောင်မြင်သူများနှင့် သစ်လွင်သူနာပြု (သူနာပြုသိပ္ပံဘွဲ့) ဖြင့် အောင်မြင်သူ ၂၀၂၈ ဦးအား ယခုနှစ် ဇန်နဝါရီလအတွင်း အလုပ်ခန့်အပ်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။
10-Jan-2019
မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့ ကျီတော်ကုန်းရပ်ကွက်တွင် ဇန်နဝါရီလ ၉ ရက်က အသက် ၂ နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး သစ်သားတံတားပေါ်မှ ပြုတ်ကျကာ ရေအိုင်အတွင်း ရေနစ်သေဆုံးခဲ့ကြောင်း ရန်အောင်မြင် နာရေးကူညီမှုအသင်းထံမှ သိရသည်။
10-Jan-2019
ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သုံးလကျော်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၆ သန်းနှင့် ကျပ်သန်းတစ်သောင်းကျော် ဝင်ရောက်ခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ စာရင်းများအရ သိရသည်။
10-Jan-2019
မြန်မာနိုင်ငံတွင် မွေးမြူရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ တိကျစွာရရှိစေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူထားသည့် တိရစ္ဆာန်ကောင်ရေစာရင်းကို ယနေ့ (ဇန်နဝါရီလ ၁ဝ ရက်) အတည်ပြုထုတ်ပြန်သည်။
10-Jan-2019
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်တရားလွှတ်တော်ရုံးခြံဝင်းအတွင်း၌ ယမန်နေ့ ဇန်နဝါရီလ ၉ ရက် ည ၁၁ နာရီအချိန်က မီးလောင်ခဲ့သည်။
10-Jan-2019
ရှမ်းပြည်အရှေ့ပိုင်းမြို့နယ်များတွင် ၂၀၁၈ ခုနှစ်အတွင်း၌ ယာဉ်တိုက်မှုဖြစ်ပွားခြင်းအပါအဝင် လူထိခိုက်သေဆုံးမှုမှာ ၂၀၁၇ ခုနှစ်ကအောက် လျော့ကျကြောင်း ကျိုင်းတုံမြို့ အမှတ် (၁၉) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးသန်းထွန်းက ပြောကြားသည်။
10-Jan-2019
တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ် နန်နင်းမြို့တွင် မြန်မာ့လက်ဖက်စို၊ လက်ဖက်ခြောက်ဆိုင်ကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ပထမဆုံး စတင်ဖွင့်လှစ်ခဲ့ကြောင်း Myanmar Tea Garden ကုမ္ပဏီထံမှ သိရသည်။
10-Jan-2019
စီးပွားရေးလုပ်ငန်းတစ်ခု စတင်လုပ်ကိုင်နေသူများနှင့် SME လုပ်ငန်းများကို မိရိုးဖလာနည်းများမှ ဖောက်ထွက်၍ တီထွင်ဆန်းသစ်သည့် ဈေးကွက်နည်းပညာများရရှိစေရန် အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အမှတ် ၃၅ ကျိုက်ဝိုင်းဘုရားလမ်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။
10-Jan-2019
မီးလိုင်းချို့ယွင်းချက်ကြောင့် နှစ်ရက်ကြာပိတ်ထားခဲ့ရသည့် မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်းရှိ ညောင်ဦးလေဆိပ်သို့ ဇန်နဝါရီလ ၁၀ ရက် ညပိုင်းမှစ၍ ညပိုင်းလေယာဉ်ဆင်းသက်ခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ယင်းလေဆိပ် တာဝန်ခံ ဦးထင်လင်းဦးက ပြောကြားသည်။
10-Jan-2019
မန္တလေးမြို့ မဟာမုနိဘုရားကြီး ယာဉ်ရပ်နားကွင်းတွင် ဆင်ဆာစနစ်အသုံးပြု မောင်းတံဂိတ်ကို ဇန်နဝါရီလ ၁ ရက် စတင်အသုံးပြုပြီး ယာဉ်ဝင်ခကောက်ခံလျက်ရှိရာ နေ့စဉ် ကျပ်ဆယ်သိန်းခန့် ကောက်ခံရရှိကြောင်း မဟာမုနိဂေါပကအဖွဲ့ထံမှသိရသည်။
10-Jan-2019
ရခိုင်လူမျိုးတို့အပေါ် နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စွပ်စွဲခြိမ်းခြောက်ပြောကြားခြင်းကို ရခိုင်အမျိုးသားပါတီ (ANP) က ကန့်ကွက်ကြောင်း ဇန်နဝါရီ ၈ ရက်နေ့တွင် သဘောထုတ်ပြန်လိုက်သည်။
09-Jan-2019
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်များတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေသည့် ဝန်ဆောင်မှုကို ယခုနှစ်လယ်ပိုင်းတွင် စတင်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။