News

13-Nov-2018
စိတ်ကျန်းမာရေးဆေးရုံ (ရွာသာ ကြီး)မှ အနေကြာ/ပိုင်ရှင်မဲ့လူနာ ၁၂၀ ဦး ကို နိုဝင်ဘာလ ၁၅ ရက်၌ ပဲခူးမြို့ရှိ တန်ခိုးကြီးဘုရားနှစ်ဆူနှင့် ရွှေပြည်အေးအပန်းဖြေစခန်းတို့သို့ အလည်အပတ်ခရီးပို့ဆောင် ပေးမည်ဖြစ်ကြောင်း အဆိုပါဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာယဉ်ယဉ်ထွန်းက ပြောကြားသည်။
13-Nov-2018
ခိုးမှုကြံရာပါသံသယဖြင့် ဖမ်းခံခဲ့ရသည့် အငှားယာဉ်မောင်းတစ်ဦး အမှုစစ်ခံနေစဉ် အတွင်း ပြီးခဲ့သည့်စက်တင်ဘာလက သန်လျင်မြို့နယ်၌ သေဆုံးခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး ကာယကံ ရှင်၏ မိခင်က ထိုကိစ္စကို စစ်ဆေးပေးရန် နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာ ဌာနများသို့ ပြီးခဲ့သည့် လပိုင်းအတွင်း စာဖြင့် တိုင်ကြားထားသည်။
13-Nov-2018
NLD အစိုးရလက်ထက်တွင် ၂၅ ခုမြောက် ဝန်ကြီးဌာနဖြစ်သော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနကို ဖွဲ့စည်းရသည့် အကြောင်းရင်းကို အစိုးရအဖွဲ့ကိုယ်စား ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စုလွှတ်တော်သို့ နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်း၌ လာရောက်ရှင်း လင်းခဲ့သည်။
13-Nov-2018
ထားဝယ်နှင့် လွိုင်ကော်မြို့များသို့ ၂၀၁၇ ခုနှစ်အတွင်း ပျံသန်းပြေးဆွဲမှု ရပ်နားခဲ့သည့် အဲကမ္ဘောဇလေကြောင်းလိုင်းသည် နိုဝင်ဘာလ ၁၉ ရက်မှစ၍ အဆိုပါမြို့များသို့ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းထံမှ စုံစမ်းသိရသည်။
13-Nov-2018
အင်္ကျီ၊ ဘောင်းဘီ အတိုအပြတ်ဖြင့် တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံးသို့ ဝင်ရောက် ခွင့်မပြုကြောင်း နိုဝင်ဘာလ ၈ ရက်က စတင်ကြေညာလိုက်သည်။
13-Nov-2018
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်ရန် စင်ကာပူနိုင်ငံသို့ နိုဝင်ဘာလ ၁၂ ရက်က သွားရောက်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးထုတ်ပြန်ချက်အရ သိရသည်။
12-Nov-2018
သီးနှံအာမခံစနစ်ကို မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
12-Nov-2018
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၌ ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း ဂါဂျာ၏အရှိန်ကြောင့် ရန်ကုန်နှင့် ဒေသအချို့တွင် နောက်နှစ်ရက်အတွင်း မိုးဆက်လက်ရွာနိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
12-Nov-2018
ရန်ကုန်ကားဈေးကွက်အတွင်း ကားများကို လိမ်လည်သူများကြောင့် ကားအရောင်းအဝယ်ဈေးကွက်မှာ ရပ်ဆိုင်းနေကြောင်း ကားဝယ်ရောင်းများထံမှ သိရသည်။
12-Nov-2018
မိသားစုတွင် အသက်အန္တရာယ်ရှိနေ၍ ယတြာချေပေးမည်ဟုပြောဆိုပြီး ကျပ်သိန်း ၇၂၀ ကျော်ရှိ ရွှေထည်ပစ္စည်းများနှင့် အမေရိကန်ဒေါ်လာများ လိမ်လည်ရယူသွားသော အမျိုးသမီးသုံးဦးကို ပန်းဘဲတန်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
12-Nov-2018
လှိုင်သာယာမြို့နယ် စက်မှုဇုန် (၂) ရှိ အထည်ချုပ်စက်ရုံမှ လက်ကိုင်ဖုန်း တစ်လုံးနှင့် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်ငွေနှင့် မြန်မာငွေကျပ်စက္ကူများ ခိုးယူသွားသူကို ကြည့်မြင်တိုင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်။
12-Nov-2018
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဟိန္ဒူလူမျိုးနွယ်စုအားလုံးမှ ကျင်းပပြုလုပ်သည့် ဒီပါဝလီပွဲတော်ကို ရန်ကုန်မြို့တော် ခန်းမအရှေ့တွင် နိုဝင်ဘာလ ၁၁ ရက်၊ ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ ကျင်းပပြုလုပ် ခဲ့ကြောင်း ၂၀၁၈ ခုနှစ်၊ ဒီပါဝလီပွဲတော် ကျင်းပရေးကော်မတီထံမှ သိရသည်။
12-Nov-2018
နိုင်ငံတော်၏ အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ညှိနှိုင်းတိုင်ပင်ထားပြီးပြီဆိုသည့်သတင်း မဟုတ်ကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ၂ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
12-Nov-2018
ကုလသမဂ္ဂ (UNHCR) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအချို့က ဒုက္ခသည်များ နေရပ်ပြန်ပို့ရေး အဆင်သင့်မဖြစ်သေးကြောင်း ဝေဖန်မှုအချို့ရှိနေသော်လည်း နိုဝင်ဘာလ ၁၅ ရက်မှစ၍ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် ဘင်္ဂါလီဒုက္ခသည်များကို စတင်လက်ခံသွားမည်ဖြစ်ကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
11-Nov-2018
တရားဝင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် သက်ဆိုင်သည့် အစည်းအဝေးများ ပြန်လည်စတင်ရန် အစိုးရ၊ တပ်မတော်တို့နှင့် အလွတ်သဘော ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ရန် လိုအပ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က The Voice သတင်းစာသို့ ပြောကြားသည်။