News

10-Oct-2016
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက (ခ) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေနှင့် Driver Training School သင်တန်းတွင် စာမေးပွဲဖြေဆိုမှု အောင်မြင်ပါက အများပိုင်ဘတ်စ်ကား ကုမ္ပဏီယာဉ်လိုင်းတွင် မောင်းနှင်ခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
09-Oct-2016
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲမှု အဖွဲ့မှူးရုံးနှင့် စခန်းများ တိုက်ခိုက်ခံရမှုကြောင့် မောင်တောမြို့နယ်တွင် ည ၇ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ယနေ့ ထုတ်ပြန်လိုက်သည်။
09-Oct-2016
ရခိုင်ပြည်နယ် မောင်တောမြို့ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်း RSO အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာ့တပ်မတော်နှင့် ရဲတပ်ရင်း အဖွဲ့တို့ကို အင်အားတိုးချဲ့ ဖြည့်တင်း၍ ယင်းအဖွဲ့များကို ရှင်းလင်းလျက် ရှိသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီး တစ်ဦးက ပြောသည်။
09-Oct-2016
ပိုမို ကောင်းမွန်သော အများ ပြည်သူသယ်ယူ ပို့ဆောင်ရေး စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရန်ကုန် ဘတ်စ်ကား အများပိုင် ကုမ္ပဏီ တစ်ခုစီတွင် တိုင်းအစိုးရအဖွဲ့ အနေနှင့် ရာခိုင်နှုန်း တစ်ခု ရင်းနှီးမြှုပ်နှံပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ထံမှ သိရသည်။
09-Oct-2016
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် နှစ်စဉ် ကျင်းပလျက်ရှိသည့် တန်ဆောင်တိုင်ပွဲတော်ရိုးရာ မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်များကို စတင်လက်ခံနေကြောင်း မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက ပြောကြားသည်။
08-Oct-2016
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော်တို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မဟာသန္တိသုခကျောင်းတိုက်ကို မည်သည့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်းတစ်ခုကိုမှ ပြန်လည်လွှဲပြောင်းပေးအပ်ရန် မရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဇာနည်အောင်က ပြောကြားခဲ့သည်။
08-Oct-2016
အွန်လိုင်းစာမျက်နှာများတွင် ကြော်ငြာရောင်းချနေသော ခရီးသွားလုပ်ငန်းများ အပါအဝင် ဈေးကွက်အတွင်းရှိ ပြည်တွင်းခရီးသွား လုပ်ငန်းများမှ ပို့ဆောင်ရေးယာဉ်များကို အသင်းအမှတ်သား တံဆိပ်ကပ်နှံမှု ရှိ၊ မရှိကို စိစစ်မည် ဖြစ်ကြောင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA) ထံမှ သိရသည်။
08-Oct-2016
စာရေးဆရာအောင်သင်း ကွယ်လွန်ခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲကို မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့၌ အောက်တိုဘာ ၂၅ ရက် ည ၇ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း လောကအလင်း စာကြည့်တိုက် ကော်မတီထံမှ သိရသည်။
08-Oct-2016
၂၀၁၆ အောက်တိုဘာ ၇ ရက် ရက်စွဲပါ အမေရိကန် သမ္မတအိုဘားမား ထုတ်ပြန်သည့် အုပ်ချုပ်ရေး အမိန့်အရ - ၂၀၀၈ Tom Latos မြန်မာနိုင်ငံဆိုင်ရာ ပိတ်ဆို့မှု အက်ဥပဒေပါ ဘဏ္ဍာရေးနှင့် တားဆီး ပိတ်ပင်မှုများကို ဖယ်ရှား လိုက်သည့်အတွက်ကြောင့် OFAC က ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာ အရေးယူမှုများ ပျက်ပြယ်သွားပြီဖြစ်ပြီး ယင်းအထဲတွင် အောက်ပါအချက်များ ပါဝင်ခဲ့ကြောင်း ဗွီအိုအေ (မြန်မာပိုင်း)က ဖော်ပြထားသည်။
08-Oct-2016
အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ထုတ်ပြန်ထားသည့် နိုင်ငံတကာ အရေးပေါ် စီးပွားရေးဆိုင်ရာ အက်ဥပဒေကို ရုပ်သိမ်းလိုက်ကြောင်း သမ္မတ အိုဘားမားက အောက်တိုဘာ ၇ ရက်တွင် လက်မှတ် ရေးထိုး ထုတ်ပြန်လိုက်သည်။
07-Oct-2016
နေ့စဉ် လူနေမှုဘဝတွင် အမျိုးသမီးများ ရင်ဆိုင်နေရသည့် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်/ ကျူးလွန်မှုများ၊ အကြမ်းဖက်မှုများ အပါအဝင် ရန်ကုန်မြို့တော်၏ လုံခြုံမှု မရှိသည့် အခြေအနေများကို ရန်ကုန်တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးနှင့် အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်အချို့ ဆွေးနွေးရန် စီစဉ်ထားသည်။
07-Oct-2016
ကချင်ပြည်နယ် ဆဒုံးနှင့် ကန်ပိုက်တီး ဒေသများတွင် တပ်မတော်နှင့် ကေအိုင်အေ တပ်မဟာ ၅ ၏ တပ်ရင်း ၃ ရှိရာ နယ်မြေတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး တပ်မတော်ဖက်မှ ထိုးစစ် မရပ်သ၍ KIA က ပြန်လည်ခုခံ တိုက်ခိုက် နေမည်ဖြစ်ကြောင်း ကေအိုင်အေ အဖွဲ့မှ ဗိုလ်မှူးကြီး အဆင့်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။
07-Oct-2016
မြန်မာနိုင်ငံရှိ ပြည်နယ် အချို့တွင် ဖြစ်ပွားနေသော စစ်ရေး လှုပ်ရှားမှုနှင့် လက်နက်ကိုင် တိုက်ပွဲများ ချက်ခြင်း ရပ်ဆိုင်းရန်နှင့် အပြုသဘော ဆောင်သည့် ဆွေးနွေးပွဲများ ပြန်စရန် ဥရောပသမဂ္ဂ (EU)က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။
07-Oct-2016
မန္တလေးအလင်း သတင်းစာ ကြိုတင်အသိမပေးဘဲ ရပ်နားခဲ့ပြီး သုံးလနီးပါး ကြာမြင့်သည်အထိ နစ်နာကြေးနှင့် စာမူခကြွေးကျန် ကျပ်သိန်း ၂၅၀ ကျော် မရသေးကြောင်း အဆိုပါ သတင်းစာတိုက်မှ အယ်ဒီတာ၊ သတင်းထောက်နှင့် ရုံးဝန်ထမ်းများ ပြောကြားသည်။
07-Oct-2016
MLM လုပ်ငန်းတစ်ခု ဖြစ်သည့် Aim Star Network (MNR) ကုမ္ပဏီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဂျိုးဇက် ခေါ် ကိုကျော်မျိုးမင်းကို သတင်းမီဒီယာသမားများကို ပုတ်ခတ်ပြောဆိုခဲ့မှုကြောင့် တိုင်ကြားထားမှုအတွက် သတင်းမီဒီယာကောင်စီတွင် ယနေ့ တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။