News

03-Feb-2018
နိုင်ငံရေး အကျဉ်းသားများအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု စင်တာကို ဒဂုံမြို့သစ်(မြောက်ပိုင်း) ၆ ရပ်ကွက်၊ ခါတော်မီလမ်းတွင် ဆောက်လုပ်နေပြီဖြစ်ကြောင်း အဆိုပါစင်တာမှ အလုပ်အမှုဆောင် ကိုရာဇာက ပြောကြားသည်။
03-Feb-2018
ကရင်ပြည်နယ် ဘားအံမြို့တွင် ဖေဖော်ဝါရီလ ၉ ရက်မှ ၁၂ ရက် (ပြည်ထောင်စုနေ့) အထိ ကျင်းပမည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပွဲတော်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ကရင်ပြည်နယ်အစိုးရထံမှ သိရသည်။
03-Feb-2018
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းပေးရေး ပြည်မြို့အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ စုပေါင်းကာ ယနေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက် ၉ နာရီမှ စတင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြကြောင်း ဆန္ဒပြသူများထံမှ သိရှိရသည်။
02-Feb-2018
မြောက်ဦး ပဋိပက္ခတွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကျည်ဆန်ထိမှန် ဒဏ်ရာရရှိပြီး စစ်တွေဆေးရုံ၏ လူနာအချုပ်ဆောင်တွင် ကုသခံယူနေသည့် လူနာ ၈ ဦးကို ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) မွန်းလွဲ ၃ နာရီခန့်က အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း လူနာရှင်မိသားစုဝင်းများထံမှ သိရသည်။
02-Feb-2018
ရန်ကုန်မြို့တော်တွင် လာရောက်အလုပ်လုပ်ကိုင်သူများ နေထိုင်ရေးအဆင်ပြေစေရန် အိမ်ရာရောင်းဝယ်ရေးစင်တာတစ်ခု တည်ထောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
02-Feb-2018
ရန်ကုန်တိုင်းရှိ မော်တော်ယာဉ် မှတ်ပုံတင်သက်တမ်းတိုးရန် အွန်လိုင်းစနစ် (Online Booking System) ဖြင့် စာရင်းကြိုသွင်းသည့် ယာဉ်စီးရေ ၃၀၀ ရှိခဲ့ရာမှ ဇန်နဝါရီလနောက်ဆုံးပတ်တွင် ယာဉ်စီးရေ ၆၀၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မြင်သာ) ထံမှ သိရသည်။
02-Feb-2018
မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၏ တစ်ရက်တာ ငှားရမ်းခနှုန်းကို ယခုနှစ်ဧပြီ ၁ ရက်မှစ၍ ကျပ်သိန်း လေးဆယ်အထိ တိုးမြှင့်သတ်မှတ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနထံမှ စုံစမ်းသိရသည်။
02-Feb-2018
ရခိုင်မြောက်ပိုင်း ဂူဒါပြင်ရွာတွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားမှုများ မတွေ့ရှိရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြန်လည်ဖြေကြားသည်။
02-Feb-2018
ရန်ကုန်မြို့ အလုံမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ၃၅၆ မဂ္ဂါဝပ်ထုတ်လုပ်မည့် သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ပထမဆုံး စီမံကိန်းကို ဇန်နဝါရီလကုန်မှစ၍ ၂၈ လအတွင်း အကောင်အထည်ဖော်ရန် စီစဉ်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဌာနထံမှ သိရသည်။
02-Feb-2018
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာ အစားထိုးမည်ဆိုဟု သတင်းများထွက်ပေါ်နေမှုမှာ သတင်းမှားများ ထွက်ပေါ်နေခြင်းသာဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးက အတည်ပြုပြောဆိုသည်။
02-Feb-2018
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းသို့ ဓာတ်ဆီပုလင်းဗုံး ပစ်သွင်းခဲ့သော ဦးဝင်းနိုင်ဆိုသူမှာ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ၅၁ ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး စိတ်ကျန်းမာရေး ဝေဒနာရှင်တစ်ဦးသာ ဖြစ်ကြောင်း မြောက်ဒဂုံ ရဲစခန်းထံမှ သိရသည်။
02-Feb-2018
နှစ်သစ်ကူးည ပါတီပွဲတွင် ထိုးကြိတ်ကန်ကျောက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် သရုပ်ဆောင်အောင်ရဲထွေး၏ အမှုမှ ဖမ်းဆီးထားသူသုံးဦးကို ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် တရားစွဲတင်ပို့ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
02-Feb-2018
ကျောက်တံတားမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် လမ်း (၄၀) ထောင့်တွင် ဇန်နဝါရီလ ၁၈ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က နိုင်ငံရေးသိပ္ပံကျောင်းသား ကိုသန်းတိုးအောင်ကို ဖမ်းဆီးစစ်ဆေးရာတွင် တာဝန်ရှိသည်ဟုဆိုသော ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုး၊ ဒုတိယစခန်းမှူး ရဲအုပ်မျိုးသန့်နှင့် နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်ဇော်ဝင်းတို့ကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ ပြောင်းရွှေ့လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
02-Feb-2018
ပြင်ဆင်ရေးဆွဲထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေမူကြမ်းကို ဖေဖော်ဝါရီလတွင် ကျင်းပမည့် ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
02-Feb-2018
အကျင့်စာရိတ္တပျက်ပြားမှုနှင့် ကျောင်းစည်းကမ်း ဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုများကြောင့် ကျောင်းထုတ်ခံခဲ့ရသော ကျောင်းသားများ အသနားခံစာတင်ပါက ယခုပညာသင်နှစ်တွင် စာမေးပွဲဖြေခွင့်ပြုမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်တွင် အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားစာ ထုတ်ပြန်လိုက်သည်။