News

11-Jul-2017
နှစ် (၇၀) ပြည့် အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရန်နှင့် ဥဩဆွဲရန် နိုင်ငံတော်သမ္မတရုံးက အစိုးရဌာန အားလုံးသို့ ညွှန်ကြားထားကြောင်း သမ္မတရုံး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
11-Jul-2017
ရန်ကုန် စည်ပင်နယ်နိမိတ် ပြင်ပ မြို့နယ် ၁၂ ခုမှ ကျေးရွာပေါင်း ၂၂၀၀ ကျော်ကို မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအဖြစ် တက္ကသိုလ် ကျောင်းသားများ၏ အကူအညီဖြင့် သုံးနှစ်အတွင်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ယနေ့ (ဇူလိုင် ၁၁ ရက်) ကျင်းပသည့် အာဆီယံထူးချွန် ကျောင်းသားများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
11-Jul-2017
အင်းစိန်အကျဉ်းထောင်တွင်း စာစစ်ဌာနမှ ယခုပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော အကျဉ်းကျ ကျောင်းသားကိုးဦးကို ဇူလိုင်လ ၁၅ ရက်တွင် ဂုဏ်ပြုမည် ဖြစ်ကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်၊ ဒုတိယညွှန်ကြားရေးမှူး ထောင်ပိုင် ဦးမျိုးဦးက ပြောကြားသည်။
10-Jul-2017
အငြိမ်းစားဒုဗိုလ်မှူးကြီး၏ နေအိမ်တွင် အိမ်အကူလုပ်ရာမှ သွားခြောက်ချောင်း ကျိုးအောင် နှိပ်စက်ခံရမှုဖြင့် မရမ်းကုန်း မြို့နယ်တရားရုံးတွင် အမှုလာရင်ဆိုင်နေသော အသက် ၁၂ နှစ်အရွယ် မိန်းကလေးမှာ နယ်မှ ရန်ကုန်သို့ လာရောက်စဉ် ပျောက်ဆုံးခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။
10-Jul-2017
ရန်ကုန်မြို့သစ် တည်ဆောက်ရေးတွင် အကောင်အထည်ဖော်မည့် New Yangon Development Corporation ကို မြို့သစ်တည်ဆောက်ရေးတွင် အမြင့်ဆုံး အာဏာပိုင်အဖွဲ့အဖြစ် သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
10-Jul-2017
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ပြင်ဆင်ရေး ပူးပေါင်းအဖွဲ့နှင့် ဇူလိုင်လ ၁၀ ရက်နေ့က ရန်ကုန်မြို့၌ တွေ့ဆုံခဲ့သည်။
10-Jul-2017
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဘသ ဆိုင်းဘုတ်များကို ဖျက်သိမ်းရန် အစီအစဉ် မရှိကြောင်းနှင့် အကြမ်းဖက် ဖြိုခွင်းလျှင် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာ အရပ်ရပ်သည် အစိုးရ၌သာလျှင် တာဝန်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မဘသအဖွဲ့က ဇူလိုင်လ ၁၀ ရက်၌ ထုတ်ပြန်ခဲ့သည်။
10-Jul-2017
ယခု ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် အောင်လက်မှတ်များကို ယနေ့(ဇူလိုင် ၁၀ ရက်)တွင် ရန်ကုန်မြို့နှင့် နေပြည်တော်တို့၌ စတင် ထုတ်ပေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ နေပြည်တော်မှ သိရသည်။
10-Jul-2017
မြန်မာနိုင်ငံသို့ ယနေ့ (ဇူလိုင်လ ၁၀ ရက်) ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ဇူလိုင်လ ၁၄ ရက်တွင် လားရှိုးမြို့သို့ လေယာဉ်ဖြင့် သွားရောက်ပြီး လားရှိုးအကျဉ်းထောင်နှင့် စစ်ဘေးရှောင်စခန်းများသို့ လေ့လာမည် ဖြစ်သည်။
09-Jul-2017
မြန်မာ-ထိုင်း နယ်စပ်တစ်ခုဖြစ်သည့် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်တွင် ဇူလိုင်လ ၇ ရက်နေ့က CCTV လုံခြုံရေး ကင်မရာ လေးလုံး တပ်ဆင်ခဲ့ကြောင်း မောတောင်မြို့ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
09-Jul-2017
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YBS တံဆိပ်တပ် ယာဉ်လိုင်း ၈၀ ကျော်ရှိ ယာဉ်များ အားလုံး ဇူလိုင်လ ၁၀ ရက်မှစပြီး ခရီးသည်ကိုယ်တိုင် ယာဉ်စီးခ ထည့်ရမည့် ငွေပုံးစနစ် စတင် တပ်ဆင်ရမည်
09-Jul-2017
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ယနေ့ မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး ၎င်း၏ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ ထပ်မံ သွားရောက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂရုံးမှ ထုတ်ပြန်ထားသည်။
08-Jul-2017
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ၏ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံရေးပါတီ (၁၄) ပါတီ၏ အကြံပြုချက်များကို ကြိုဆိုကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
08-Jul-2017
ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) အပါအဝင် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းသည် မူလဥပဒေမှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိကြောင်း ဥပဒေပညာရှင်များနှင့် ၆၆ (ဃ) ဖျက်သိမ်းရေး လှုပ်ရှားသူများက ဝေဖန်လိုက်သည်။
08-Jul-2017
နှစ် ၇၀ ပြည့်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် မလိုလားအပ်သည့် ပြဿနာများ တစ်စုံတစ်ရာ မဖြစ်ပွားစေရန် ရဲတပ်ဖွဲ့ဝင်အင်အား ၄၀ဝ၀ ခန့်က လုံခြုံရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၂) လုံခြုံရေး ကွပ်ကဲမှုအဖွဲ့မှ ရဲမှူးချုပ် မြဝင်းက ပြောကြားသည်။