News

24-Jul-2017
လူမှုကွန်ရက် စာမျက်နှာတစ်ခု ဖြစ်သော ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းက ပန်းဘဲတန်း မြို့မရဲစခန်းရှေ့YBS (၅၇) ခရီးသည်တင် ယာဉ်တစ်စီး ရောက်ရှိနေသည့် သတင်းဓာတ်ပုံနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းဖြစ်စဉ်အမှန်ကို ၎င်းတို့ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။
23-Jul-2017
တောင်ကိုရီယားနိုင်ငံသို့ ရောက်ရှိနေသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမား အချို့သည် တန်းတူ အလုပ်သမား အခွင့်အရေးရရှိရန် ကိုရီးယား အလုပ်သမား ဝန်ကြီးဌာနကို ဆန္ဒပြလျက်ရှိကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးစိုးမိုးသူက ပြောကြားသည်။
23-Jul-2017
ကုန်သည်စက်မှု အသင်းချုပ်က ရန်ကုန်မြို့တွင် တက္ကသိုလ် တည်ထောင်မည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က ပြောကြားသည်။
23-Jul-2017
ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အနေနှင့် အစိုးရ၏ ရေဘေးတုံ့ပြန် ဆောင်ရွက်ရေးတွင် လိုအပ်သော အကူအညီများ ပေးအပ်ရန် အသင့်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (UN-OCHA)က ကြေညာချက် ထုတ်ပြန်လိုက်သည်။
23-Jul-2017
တပ်မတော်က သတင်းသမားများကို တရားစွဲဆိုမှုများနှင့်ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစဉ် တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အတွင်းရေးမှူး ဦးသီဟစောက ပြောကြားသည်။
23-Jul-2017
ရွှေပြည်သာမှ သခင်မြပန်းခြံသို့ ပြေးဆွဲနေသော YBS ၄၀ သည် ဇူလိုင်လ ၂၀ ရက်မှစပြီး YRTA ၏ စည်းကမ်းချက်များကို မကျေနပ်ဘဲ ဆန္ဒပြသည့်အနေဖြင့် ယာဉ်စီးရေအချို့ ရပ်နားခဲ့သည့်အတွက် ပြေးဆွဲခြင်း မရှိသော ယာဉ်လုပ်သားကို အရေးယူမည် ဖြစ်ကြောင်း ရွှေလမ်းခင်း ကုမ္ပဏီထံမှ သိရသည်။
22-Jul-2017
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများတွင်ရှိသော ဆေးဆိုင်များကို စစ်ဆေးမည်ဖြစ်ကြောင်း ယင်းဌာန၏ ညွှန်ကြားရေးမှူး (ဆေးဝါးဌာန) ဒေါက်တာသိင်္ဂီဇင်က ပြောကြားသည်။
22-Jul-2017
မူးယစ်ဆေးဝါး သုံးစွဲသူများကို ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်ကြား ပြစ်ဒဏ် မချမှတ်ဘဲ လူမှုရေးပြစ်ဒဏ်အဖြစ် ချမှတ်မည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကြမ်းကို ယခုနှစ်အတွင်း အတည်ပြု ပြဋ္ဌာန်းမည်
22-Jul-2017
မြန်မာနိုင်ငံတွင် မူးယစ်ကုန်ကူးခြင်းမှရရှိသည့် ငွေမည်းများကို ငွေဖြူအဖြစ် ငွေကြေးခဝါချ၍ လွှဲပြောင်းသော အနှစ်ချုပ် စာရင်းများကို နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် ပြည်ထဲရေးရုံး ဝန်ကြီးဌာနသုံးခုက ဖွဲ့စည်းပေးထားသော စိစစ်ရေးအဖွဲ့ထံ ပေးပို့ထားရာ မူးယစ်ကုန်ကူးခြင်းမှ အများဆုံး ပါဝင်ကြောင်း
22-Jul-2017
အမေရိကအခြေစိုက် Ford ကား ကုမ္ပဏီက မြန်မာနိုင်ငံရှိ Capital Automotive Limited (CAL) နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ယင်းကား အမှတ်တံဆိပ်များ စတင် တပ်ဆင်ထုတ်လုပ်နေပြီဖြစ်ကြောင်း Capital Motors Limited(CML) ကုမ္ပဏီထံမှ သိရသည်။
21-Jul-2017
ရှေးခေတ်လူသုံးကုန်နှင် လက်နက်များထုတ်သည့် နေရာဟု ယူဆရသော ပျုခေတ်သံဖိုများ မြတ်စွာဘုရား ခြေတော်ရာနှစ်ဆူ ရှိသည့် မန်းစက်တော်ရာ ဘုရားဝန်းကျင်တွင် တွေ့ရှိရသည်ဟု ရှေးဟောင်းသုတေသီ တမ္ပဝတီ ဦးဝင်မောင်က ပြောကြားသည်။
21-Jul-2017
ရွှေတိဂုံဘုရားတွင် ယခုနှစ်ဆန်းက ရွှေသင်္ကန်း တစ်ကျပ်သားလျှင် ကျပ်နှစ်သိန်း နှစ်သောင်းခန့် ဈေးနှုန်းတိုးလိုက်သော်လည်း လှူဒါန်းမှု မလျော့ဘဲ ခုနစ်လအတွင်း ရွှေသင်္ကန်း ကျပ်သား ၂၀၀၀ ကျော် အလှူခံ ရရှိကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
21-Jul-2017
ရန်ကုန်တိုင်းဒေသကြီး ရေကြီးရေလျှံမှုများ ဖြေရှင်းရန်အတွက် ကမ္ဘာ့ဘဏ်၏ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အကူအညီဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
21-Jul-2017
ဖမ်းဆီးထားသော ရှုခင်းသာ အင်တာနေရှင်နယ်ကောလိပ် တာဝန်ရှိသူများကို ဇူလိုင်လ ၂၈ ရက်နေ့တွင် သာကေတမြို့နယ် တရားရုံး၌ ရုံးထုတ်မည် ဖြစ်ကြောင်း ဖမ်းဆီးခံရသူများ၏ အကျိုးဆောင်ရှေ့နေ အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဒေါ်နန္ဒာမြင့်သိန်းက ပြောကြားသည်။
21-Jul-2017
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ဒလန့်ချွန်ကျေးရွာနေ NLD ပါတီဝင် အမျိုးသားတစ်ဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံရပြီး ဇူလိုင်လ ၁၉ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးခဲ့ကြောင်း လယ်ဝေးမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။