News

02-Jan-2018
ပြည်တွင်းသတင်းများ၊ တေးဂီတ အစီအစဉ်၊ ခရီးသွားနှင့် ယဉ်ကျေးမှု ကဏ္ဍများ ပါဝင်မည့် အင်္ဂလိပ်ဘာသာ FM ရေဒီယိုလိုင်းကို ဇန်နဝါရီလတွင် ပထမဆုံး ထုတ်လွှင့်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အသံလွှင့်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇေယျာက ပြောကြားသည်။
02-Jan-2018
အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အငှားယာဉ်ပေါ် ဆွဲတင်ပြီး သားမယား ပြုကျင့်ကာ လက်ဝတ်ရတနာများကို လုယက်ယူသူ အသက် ၃၄ နှစ်အရွယ် အငှားယာဉ်မောင်း အမျိုးသားကို သထုံမြို့တွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
02-Jan-2018
ထားဝယ် မြစ်ကမ်းနဖူးတစ်လျှောက်ရှိ ဆိပ်ကမ်းသာလမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ၂၀၁၈ ခုနှစ်အတွင်း စတင်နိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောကြားသည်။
02-Jan-2018
ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး တာဝန်မှရပ်စဲပေးရန် တိုင်ကြားမှုနှင့်ပတ်သက်၍ ယနေ့ (ဇန်နဝါရီလ ၂ ရက်) က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကို ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ တာဝန်ထမ်းဆောင်ရန် မသင့်အဆိုကြောင်း လွှတ်တော်အတည်ပြုခဲ့သည်။
02-Jan-2018
ထားဝယ်နှင့်မြိတ်မှ တရားဝင် စာရင်းကောက်ယူထားသော ကျူးကျော်များအား ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) မတိုင်မီ အစိုးရ အငှားအိမ်ရာများတွင် နေရာချထားပေးရန် စီစဉ်နေကြောင်း တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ပြောကြားသည်။
02-Jan-2018
ရန်ကုန်တိုင်းရှိ မြို့တွင်းခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများတွင် ငွေပေးချေမှု ကတ်စနစ် YPS ကိုလုပ်ကိုင်မည့် ကုမ္ပဏီသုံးခုကို ဆန်ခါတင်ရွေးချယ်ခဲ့ပြီး ဇန်နဝါရီလ ၁၀ ရက်တွင် ကုမ္ပဏီတစ်ခုကို အပြီးသတ်ရွေးချယ်ပြီး အမည်စာရင်းထုတ်ပြန်မည်ဖြစ်ကြောင်း Yangon Payment Services(YPS) တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။
02-Jan-2018
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ Mevius ဆေးလိပ်ကုမ္ပဏီက ကိုယ်အလေးချိန်လျှော့ချရန် သတိပေးခံရသူ အရောင်းမြှင့်တင်ရေးဝန်ထမ်းအမျိုးသမီး ၄၀ ကို ဒီဇင်ဘာလ ၃၁ ရက်က အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း အလုပ်မှ ထုတ်ပယ်ခံရသူ မသန်းသန်းမြင့်က ပြောကြားသည်။
01-Jan-2018
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသဌာနသို့ ၂၀၁၈ ခုနှစ် နှစ်သစ်ကူး ညတွင် ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့် လာရောက်ကုသသည့် လူနာ ၂၀ဝ အနက် လေးဦး သေဆုံးခဲ့ကြောင်း ရန်ကုန်ဆေးရုံကြီးထံမှ သိရသည်။
01-Jan-2018
မြန်မာနိုင်ငံအတွင်း တရားမဝင် ယမကာ ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသူများကို သတ်မှတ်ထားသည့် ဥပဒေလုပ် ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနများက စိစစ်ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူပေးရန် မြန်မာနိုင်ငံ ယမကာ ထုတ်လုပ်ဖြန့်ဖြူးသူများအသင်းက အစိုးရထံ တင်ပြတောင်းဆိုထားကြောင်း ယင်းအသင်းထံမှ သိရသည်။
01-Jan-2018
JICA ချေးငွေဖြင့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း ဆောင်ရွက်ရန် တင်ဒါဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ဖက်စပ် ကုမ္ပဏီ ရှစ်ခုအနက် သုံးခုကိုသာ ဆန်ခါတင် ရွေးချယ်ပြီးဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
01-Jan-2018
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရန်အတွက် ၂၀၁၇ ခုနှစ်အတွင်း တရုတ်စီးပွားရေးအဖွဲ့ ၄၀ ခန့်က မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံမှ သိရသည်။
01-Jan-2018
ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသော အူရီဒူးမြန်မာနှင့် နိုင်ငံတကာ မိုဘိုင်းလ်ဖုန်း ငွေပေးချေခြင်း ဝန်ဆောင်မှုပေးနေသည့် Fortumo တို့ပူးပေါင်းပြီး ပြည်တွင်း၌ မိုဘိုင်းလ်ဖုန်းဖြင့် တိုက်ရိုက် ငွေပေးချေနိုင်မည့် ဝန်ဆောင်မှုများ ပေးအပ်မည်ဖြစ်ကြောင်း အူရီဒူးထံမှ သိရသည်။
01-Jan-2018
အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့မတိုးနိုင်ဖြစ်နေသည်ဆိုသော ဝေဖန်ချက်များသည် မဟုတ်မှန်ဘဲ ငြိမ်းချမ်းရေးရှေ့ဆက်သွားနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ပါတီ ထိပ်ပိုင်းခေါင်းဆောင်များက ပြောကြားလိုက်သည်။
01-Jan-2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် ၅ မင်းရပ်ရှိ အပေါင်ဆိုင်တစ်ဆိုင်တွင် ဒီဇင်ဘာလ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ရွှေအတု လိမ်လည်ပေါင်နှံခဲ့သူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
01-Jan-2018
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပေါ် နောင်ပတ္တရာကျေးရွာ ဘူတာရုံအနီးရှိ မီးရထားပိုင်မြေကို လွန်ခဲ့သည့်သုံးနှစ်ကျော်က ဒေသခံတစ်ဦး ပိတ်ဆို့ကာ လယ်ယာလုပ်ကိုင်နေသည့်အတွက် ဒေသခံများက ဖြေရှင်းပေးရန် သက်ဆိုင်ရာထံ တောင်းဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။