News

04-Jan-2018
မြန်မာတစ်ပြည်လုံးတွင် စည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် ရထားမတော်တဆမှုများ ဖြစ်ပွားပြီး ယခုဘဏ္ဍာနှစ်၏ ရှစ်လအတွင်း လူ ၅၀ ကျော် သေဆုံးခဲ့ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
04-Jan-2018
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် တည်ဆောက်ထားသည့် တန်ဖိုးနည်းအိမ်ရာမှ အခန်းပေါင်း ၁၀၀၀ ကျော်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ရောင်းချမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
04-Jan-2018
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ သိမ်ဖြူဇရပ်ကျေးရွာရှိ ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီပိုင် စစ်တောင်းစက္ကူစက်ရုံရှိ ဝန်ထမ်း ၄၀၀ သည် နစ်နာကြေးမယူဘဲ အလုပ်ပြန်ခန့်ပေးရန် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း အဆိုပါစက်ရုံမှ လက်ထောက်မန်နေဂျာ ဒေါ်ဥမ္မာမွန်က ပြောကြားသည်။
04-Jan-2018
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၈၈) ရပ်ကွက်၊ သော်ကမြိုင်လမ်းနှင့် နှင်းဆီလမ်းထောင့်တွင် ဇန်နဝါရီလ ၁ ရက် နံနက် ၁ နာရီခန့်က အရက်သေစာ သောက်စားမူးယစ်သည့် လူငယ်နှစ်စု အုပ်စုဖွဲ့ရိုက်နှက်ခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
04-Jan-2018
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် တအောင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (TNLA) တို့၏တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ၍ ကျောက်မဲမြို့ပေါ်သို့ တိမ်းရှောင်လာသူဦးရေ ၁၀၀၀ ကျော်ရှိကြောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော အရပ်ဘက် လူမှုအဖွဲ့အစည်းများထံမှ သိရသည်။
04-Jan-2018
ရန်ကုန်စတော့အိတ်ချိန်းသို့ ငါးခုမြောက်စာရင်းဝင် ကုမ္ပဏီအဖြစ် ဝင်ရောက်မည့် TMH တယ်လီကွန်း အများပိုင်ကုမ္ပဏီသည် လက်ရှိ၌ အများပြည်သူသို့ ကမ်းလှမ်းရောင်းချနေသည့် IPO အစုရှယ်ယာ တစ်စုဈေးနှုန်း ကျပ် ၃၀၀၀ ဖြင့်သာ စတော့အိတ်ချိန်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) ထံမှ သိရသည်။
04-Jan-2018
တရုတ်အမျိုးသားများနှင့် လက်ထပ်ပေါင်းသင်းရန်နှင့် အလုပ်ခိုင်းစေရန်တို့အတွက် အသက် ၁၈ နှစ်မပြည့်သေးသူ ၅၅ ဦး တရုတ်နှင့် ထိုင်းနိုင်ငံသို့ ၂၀၁၇ ခုနှစ်အတွင်းက လူကုန်ကူးခံခဲ့ရကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ (နေပြည်တော်) ထံမှ သိရသည်။
04-Jan-2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့တွင် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၏ တစ်ကိုယ်လုံးပုံတူရုပ်တု ထုလုပ်ထားရှိမည်ဖြစ်ကြောင်း ရုပ်တုဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်နေသည့် အရှင်သူရိယက မိန့်ကြားသည်။
03-Jan-2018
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနှင့် ၂၀၁၈ ခုနှစ်အတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် စသည့် ဒုစရိုက်မှု ကျူးလွန်သူများကို လင်းယုန်စီမံချက်ဖြင့် ဖမ်းဆီးဖော်ထုတ်သွားမည်ဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
03-Jan-2018
မကွေးတိုင်းဒေသကြီးအတွင်း ယခုရက်ပိုင်း၌ အချိန်အခါမဟုတ်မိုးဆက် တိုက်ရွာနေခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားသည့်အတွက် မန်း ရွှေစက်တော် ဘုရားပွဲဈေးသည် အများစု၏ ဈေးဆိုင် တည်ဆောက်ရေးလုပ်ငန်းများသည် ခြေတော်ရာ ဖွင့်ပွဲအမီ ပြီးစီးနိုင်ဖွယ်မရှိကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော် ဂေါပကအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
03-Jan-2018
မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ထူးခြားမှုအဖြစ် လစ်လပ်သော ဒုရဲချုပ် ရာထူးနေရာတွင် ဒုရဲချုပ်နှစ်ဦးကို ပထမဆုံး ခန့်အပ်ခဲ့ပြီး ရဲဝန်ထမ်းစစ်စစ်မှ ရာထူးအဆင့်ဆင့် တက်ခဲ့သူ ရဲမှူးချုပ်တစ်ဦး ဒုရဲချုပ်အဖြစ် ပထမဆုံး ခန့်အပ်ခံရသည်။
03-Jan-2018
လူမှုကွန်ရက်စာမျက်နှာပေါ် ဟာသဗီဒီယိုဖိုင်များ တင်ခဲ့ရာမှ လူသိများပြီး သရုပ်ဆောင်အဖြစ် အောင်မြင်မှုရလာခဲ့သောအောင်ရဲထွေး အသတ်ခံရမှုမှ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူဟုဆိုသည့် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ယနေ့ (ဇန်နဝါရီလ ၃ ရက်) မွန်းလွဲပိုင်းက သင်္ဃန်းကျွန်းမြိုနယ် သုဝဏ္ဏနယ်မြေ ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
03-Jan-2018
၁၀ ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်း ကံထူးရှင်သည် ဇန်နဝါရီလ ၃ ရက်နေ့တွင် ပေါ်ထွက်လာပြီဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ကြောင်း မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီလုပ်ငန်းထံမှ သိရသည်။
03-Jan-2018
ဆက်တိုက်မြင့်တက်နေသော စက်သုံးဆီ လက်လီ၊ လက်ကားဈေးနှုန်းများသည် ယခုအခါ ထပ်မံမြင့်တက်ကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။
03-Jan-2018
ရန်ကုန်မြို့တွင်း YBS ခရီးသည်တင်ယာဉ်လိုင်း၌ မောင်းနှင်နေသည့် ယာဉ်မောင်းများကို YRTA အသိအမှတ်ပြု ယာဉ်မောင်းကတ်ပြား ထုတ်ပေးမည်ဖြစ်ပြီး အဆိုပါကတ်ပြားရှိမှ တိုင်းအစိုးရအဖွဲ့က ဆက်လက်မောင်းနှင်ခွင့် ပြုမည်ဖြစ်ကြောင်း YBS ယာဉ်လိုင်းတာဝန်ခံများထံမှ သိရသည်။