News

08-Dec-2017 tagged as ရန်ကုန်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ခု၌ ရေသုံးစွဲမှု စနစ်မကျသည့်အတွက် တိုင်းအစိုးရအဖွဲ့က ဝင်ရောက်ကြီးကြပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
07-Dec-2017 tagged as မြန်မာ
တောင်ကိုရီးယားနိုင်ငံ ဘူဆန်မှ တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ် ရန်တိုင်သို့အသွား ဒီဇင်ဘာလ ၄ ရက်က နစ်မြုပ်ခဲ့သော SHENG HAI သင်္ဘောမှမြန်မာ သင်္ဘောသားသုံးဦးမှာ သုံးရက်ကြာသည်အထိ ပျောက်ဆုံးဆဲဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ တိမ်းရှောင်သူများ မြန်မာနိုင်ငံသို့ ပြန်လာရာတွင် နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်ကို မဖြစ်မနေလက်ခံ၍ NVC (နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား) ကိုင်ဆောင်ရမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။
07-Dec-2017 tagged as မူးယစ်ဆေးဝါး
ဆေးစွဲလူနာများကို လူမှုရေးပြစ်ဒဏ်ဖြင့် အစားထိုး အရေးယူမည့် အစီအစဉ်ကို ၂၀၁၈ နှစ်ဆန်းအတွင်း စတင်ကျင့်သုံးရန် ပြင်ဆင်ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။
07-Dec-2017 tagged as တရုတ်
တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုနှင့် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက်တို့က ပူးပေါင်း တည်ဆောက်မည့် ရေနံချက်စက်ရုံတစ်ခု ပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံ ဝင်ရောက်လုပ်ကိုင်ရန် စီစဉ်ထားမှုကို ဖျက်သိမ်းကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
07-Dec-2017 tagged as ကလေးမြို့
စစ်ကိုင်းတိုင်း ကလေးမြို့ အမှတ် (၄) အခြေခံပညာ အလယ်တန်းကျောင်း (အထက်တန်းကျောင်းခွဲ)တွင် ပညာသင်ကြားနေသော ၂ တန်းကျောင်းသား၏ မျက်နှာတွင် လက်သည်းကုတ်ခြစ်ဒဏ်ရာရသဖြင့် သင်ကြားပေးသော ဆရာမကို စာသင်ကြားခွင့် ယာယီ ရပ်ဆိုင်းထားကြောင်း အမှတ် (၄) အခြေခံပညာ အလယ်တန်းကျောင်း (အထက်တန်းကျောင်းခွဲ) တာဝန်ခံ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဝင်းလှိုင်က ပြောသည်။
ကျောက်တော်မြို့နယ် ရန်ကုန်- စစ်တွေ ကားလမ်းရှိ တံတားသံပေါင်တွင် ဒီဇင်ဘာလ ၇ ရက်၊ နံနက် ၈ နာရီခန့်က မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း နှစ်လုံးကို အချိန်မီ သိမ်းဆည်းလိုက်နိုင်သော်လည်း ကားလမ်းတစ်လျှောက်တွင် လုံခြုံရေး တိုးချရန် စီစဉ်လိုက်ပြီဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောကြားသည်။
07-Dec-2017 tagged as ပဲ
အိန္ဒိယနိုင်ငံက ဝယ်ယူမှု ရပ်ဆိုင်းခဲ့ခြင်းကြောင့် ဈေးနှုန်း ဆက်တိုက် ကျဆင်းနေသော ပြည်ပပို့ ပဲမျိုးစုံဈေးကွက်တွင် ယခုရက်ပိုင်းအတွင်း ပြည်ပနိုင်ငံအချို့က ပြန်လည်ဝယ်ယူမှုကြောင့် မတ်ပဲတစ်တန်လျှင် ကျပ်ငါးသောင်းကျော်ခန့်ထိ ပြန်လည် မြင့်တက်ကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမွန်းသည် ဒီဇင်ဘာလ ၅ ရက် ညနေပိုင်းက နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း အဆိုပါပါတီထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန် အထူးစီးပွားရေးဇုန် (Yangon Special Economic Zone) တည်ထောင်ပါက ရရှိမည့် အကျိုးကျေးဇူးများနှင့် လုပ်ငန်းအစီအမံများကို ဒီဇင်ဘာ ၆ ရက်နေ့တွင် ကျင်းပသည့် အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေးသို့ တင်ပြဆွေးနွေးခဲ့သည်။
07-Dec-2017 tagged as ပညာရေး
Brand ကြက်ပေါင်းရည်ကုမ္ပဏီက စတုတ္ထအကြိမ်မြောက် “Brand Brain Study Camp IV” ကို ၂၀၁၈ ခုနှစ် မတ်လအတွင်းစာမေးပွဲဖြေဆိုမည့် တက္ကသိုလ်ဝင် ကျောင်းသား၊ ကျောင်းသူများအတွက် စာသင်ပွဲကိုပြုလုပ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။
မြန်မာ့ပင်လယ်ပြင် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေများတွင် ငါးဖမ်းလှေစောင့်ကြည့် ကိရိယာစနစ် (Vessel Monitoring System-VMS) တပ်ဆင်နိုင်ရေးအတွက် ပြင်သစ်နိုင်ငံမှ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Agency of French Cooperative (AFC) နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံ၏ မော်တော်ယာဉ်နှင့် ဘဏ်လုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် အမေရိကန် လုပ်ငန်းရှင်များ ပိုမိုစိတ်ဝင်စားကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့က မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် US-ASEAN Business Council တွေ့ဆုံဆွေးနွေးပွဲတွင် အမေရိကန်လုပ်ငန်းရှင်များက ပြောကြားသည်။
07-Dec-2017 tagged as အကျဉ်းသား
အကျဉ်းသား လေးထောင်ကျော် ထိန်းသိမ်းထားသည့် ရခိုင်ပြည်နယ် အကျဉ်းထောင်လေးခုတွင် တီဘီရောဂါ ကြိုတင်တိုက်ဖျက်ရေးအတွက် အကျဉ်းသားများကို ရောဂါစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းများ ဒီဇင်ဘာလဆန်းက စတင် ဆောင်ရွက်နေကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။
တိုင်းအစိုးရက လာမည့်နှစ်တွင် စတင်မည်ဟုဆိုသော ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်းပြုလုပ်မည့် တွံတေး မြို့နယ် မြေဈေးသည် နှစ်ဆတက်ပြီး အဝယ်လိုက်လာကြောင်း အဆိုပါမြို့နယ်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။