News

03-Apr-2019
သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးအတွင်းရှိ ၆ ထပ် ဆေးကုသဆောင်သစ်ကို ပြီးခဲ့သည့် မတ်လတွင်ဖွင့်လှစ်ခဲ့ပြီး ယင်းအဆောင်သစ်ရှိ ဆီးနှင့် ကျောက်ကပ်ဆေးကုသဌာနတွင် ကျောက်ကပ်သွေး သန့်စင်ခြင်းကို တစ်ပတ်လျှင် လူနာ တစ်ရာကျော်ခန့်ကို ကုသမှုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း
03-Apr-2019
မူးယစ်ဆေးနှင့် မိုင်းရှာသင်တန်းတက်ရောက်လေ့ကျင့်ထားသည့် “မီးမီး”ဟု အမည်ပေးထားသော ခွေးတစ်ကောင် ရောက်ရှိနေပြီဖြစ်ကြောင်း တနင်္သာရီ တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
03-Apr-2019
သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလ နီးကပ်လာခြင်းနှင့်အတူ ကမ္ဘာ့ရွှေဈေး ဆက်လက်ကျဆင်းခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းများ ဆက်လက်ကျဆင်းပြီး ပြည်ပဈေးတက်ခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်ကြောင်း ယင်းဈေးကွက်များအတွင်းမှ သိရသည်။
03-Apr-2019
ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိတစ်ဦးက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား အမှုဖွင့်ထားသည်မှာ ၎င်း “Facebook” ပေါ်တွင် ရေးသားခဲ့သည့် ရေးသားချက် ၁၀ ခုကြောင့်ဖြစ်ကြောင်း ယနေ့သိရှိရသည်။
03-Apr-2019
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် ညမထွက်ရအမိန့် ပုဒ်မ - ၁၄၄ ကို ထုတ်ပြန်လိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
03-Apr-2019
တရားစီရင်ရေးစနစ် ပိုမိုကောင်းမွန်ရန် တရားရေးဝန်ကြီးဌာနတစ်ခု ပြန်လည်ဖွဲ့စည်းရေး၊ လစ်လပ်နေသော အဆင့်ဆင့် တရားသူကြီးများ နေရာတွင် အတွေ့အကြုံရှိသော ရှေ့နေတို့ကို ခန့်ထားရေး၊ တရားစီရင်ရေးဆိုင်ရာ ကော်မရှင်တစ်ရပ် ဖွဲ့စည်းရေးတို့အတွက် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူ ပြုအဖွဲ့က ယနေ့ နေ့လယ်ပိုင်းတွင် ဥပဒေရေးရာ ကျွမ်းကျင်သူများနှင့် ဆွေးနွေးခဲ့ကြသည်။
02-Apr-2019
ပြည်လမ်းမကြီးပေါ်၌ မဏ္ဍပ်ဆောက်လုပ်ရန် မြေငှားခအနေနှင့် ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၀၀၀ ကျော်အထိ ပေါက်ဈေးရှိကြောင်း နှစ်စဉ် ရေကစားမဏ္ဍပ် ဆောက်လုပ်နေသူများထံမှ သိရသည်
02-Apr-2019
မိုးကုတ်မြို့ ဘောလုံးကြီးကျေးရွာမှ သက်တမ်းကုန်ကျောက်မျက်ကုမ္ပဏီနှင့် ခဲစာရှာသူများအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်းမှ ကုမ္ပဏီအဆောက်အအုံများကို မီးရှို့မှုနှင့်ပတ်သက်ပြီး မတ်လ ၃၁ ရက်နေ့က ဒေသခံအမျိုးသားတစ်ဦးနှင့် ပါဝင်သူများကို အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
02-Apr-2019
မန္တလေးတိုင်း မိတ္ထီလာမြို့တွင် ယခုနှစ်မဟာသင်္ကြန်ပွဲတော်ကာလအတွင်း စည်းကမ်းမဲ့ဆိုင်ကယ်များနှင့် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များကို ဖမ်းဆီး၍ သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ကာ တရားရုံးတွင် ဒဏ်ငွေဆောင်စေပြီးမှသာ ယင်းအိတ်ဇောများကို သိမ်းဆည်း၍ ဆိုင်ကယ်ပြန်ပေးမည်ဖြစ်ကြောင်း ယင်းမြို့ အမှတ် (၉၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးထံမှ သိရသည်။
02-Apr-2019
မြန်မာနိုင်ငံ၏ အဓိကပဲဝယ်လက် အိန္ဒိယနိုင်ငံက မတ်ပဲနှင့် ပဲစင်းငုံတို့ကို ယခင်နှစ်ပမာဏများအတိုင်း ဝယ်ယူမည်ဟု ကြေညာလိုက်ပြီးနောက် သုံးရက်အတွင်း မတ်ပဲတစ်တန်လျှင် ကျပ် ၄၂,၀၀၀ မှ ၇၂,၀၀၀ အထိနှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၆၂,၀၀၀ သို့ ဈေးနှုန်းများမြင့်တက်ကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရသည်။
02-Apr-2019
တပ်မတော်တွင် အရွယ်မတိုင်မီ စစ်မှုထမ်းဆောင်နေသည့် ကလေးသူငယ်နှင့် လူငယ် ၃၇ ဦးကို နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ မဟာမင်းကြီးရုံး (Unicef Myanmar) က ထုတ်ပြန်ခဲ့သည်။
02-Apr-2019
မြန်မာနှင့် ကနေဒါ နှစ်နိုင်ငံအကြား ရေရှည်တည်တံ့သည့် စီးပွားဆက်ဆံရေး တည်ဆောက်နိုင်ရန်အတွက် မြန်မာ-ကနေဒါ စီးပွားရေးကောင်စီကို ကနေဒါနိုင်ငံ၌ ဇွန်လတွင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။
02-Apr-2019
နိုင်ငံတကာစံချိန်စံညွှန်းသတ်မှတ်ချက်တစ်ခုဖြစ်သော ISO 9001-2015 QMS Certificate ရရှိရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက စစ်ဆေးခြင်းများကို မတ်လကုန်ပိုင်းက ပြုလုပ်ခဲ့ကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနထံမှ သိရသည်။
02-Apr-2019
မတ်လ ၃၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီအဆင့်ဆင့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ၉၀ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၈၉ ဦး အနိုင်ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲ ရလဒ်ထုတ်ပြန်ခြင်းဗဟိုဌာနမှ ထုတ်ပြန်ကြေညာသည်။
01-Apr-2019
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ပန်းတောကြီးကျေးရွာတွင် မိဘနေအိမ် ပြန်သွားသည့် ဇနီးဖြစ်သူအား အိမ်ပြန်ခေါ်မရသဖြင့် ခင်ပွန်းဖြစ်သူက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။