News

24-Jun-2017 tagged as မူးယစ်ဆေးဝါး
တိုင်းနှင့်ပြည်နယ်သုံးခုတွင် ကမ္ဘာ့ မူးယစ်ဆေးဝါး တိုက်ဖြတ်ရေးနေ့၌ အမေရိကန် ဒေါ်လာ ၃၈၅ သန်းကျော်ရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးမည် ဖြစ်ကြောင်း မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီးမြင့်အောင် ပြောကြားသည်။
24-Jun-2017 tagged as ပညာရေး
တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ်များကို ယခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ နှစ်နှစ်သင် ပညာရေးကောလိပ်မှ လေးနှစ်သင် ပညာရေး ဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့်တင်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
ထိုင်းနိုင်ငံသို့ တရားမဝင်ရောက် လာသည့် ရွှေ့ပြောင်း အလုပ်သမားများ သာမက တရားမဝင် အလုပ်ခန့်ထားသည့် အလုပ်ရှင်များကို ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အက်ဥပဒေအရ အရေးယူတော့မည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အရာရှိ ဦးမိုးအောင်ခိုင်က ပြောကြားသည်။
24-Jun-2017 tagged as
ရန်ကုန်မြို့တော်၏ နောက်ဖေးလမ်းကြားများတွင် ပန်းဥယျာဉ် လုပ်ဆောင်ပေးသည့်အတွက် လူများတွင် တာဝန်ယူစိတ်များ ဖြစ်ပေါ်လာနိုင်ပြီး အမှိုက်ပစ်ရန် လက်တွန့်သွားကြကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားသည်။
23-Jun-2017 tagged as လျှပ်စစ်
ပြည်တွင်း၌ လက်ရှိကောက်ခံနေသည့် လျှပ်စစ်မီတာခ နှုန်းထားများ ပြောင်းလဲရန် အစိုးရသို့ အကြံပြုထားကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။
23-Jun-2017 tagged as
ကျွန်ဇာတ်ကားတွင် ကျွန်အမည်ကို သုံးစွဲခြင်းမပြုရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က ကန့်ကွက်ခဲ့သော်လည်း အသုံးပြုမှုအပေါ် ဥပဒေရုံး၏ အကြံပြုချက် ရသည်နှင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ယင်းအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းထွန်းက The Voice သို့ ပြောသည်။
23-Jun-2017 tagged as စစ်သား
အရွယ်မတိုင်မီ စစ်မှုထမ်းဆောင်နေသည့် ကလေးသူငယ်နှင့် လူငယ် ၆၇ ဦးကို တပ်မတော်က ဇွန်လ ၂၃ ရက်နေ့တွင် နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ကလေးစစ်သား ပပျောက်ရေး လုပ်ဆောင်နေသည့် UNICEF (ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့) မြန်မာက သတင်းထုတ်ပြန်သည်။
23-Jun-2017 tagged as ဦးကိုနီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံရန် နောက်ကွယ်မှ စေခိုင်းသူ တရားခံပြေး အောင်ဝင်းခိုင် ဖမ်းဆီးရှာဖွေမှုကို ရပ်ဆိုင်းလိုက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောကြားသည်။
မင်္ဂလာဒုံမြို့နယ်ရှိ ကျူးကျော်များကို ဇွန်လ ၂၀ ရက်မှစပြီး ကျူးကျော်စမတ်ကတ်များ ထုတ်ပေးလျက်ရှိရာ ၎င်းတို့ထဲမှ စီးပွားဖြစ် ကျူးကျော်များကို စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။
အဖွဲ့အစည်းအတွင်း၌ တရားဥပဒေ ချိုးဖောက်ထားသူများကို လက်ခံထားခြင်း အကာအကွယ် ပေးထားခြင်း မရှိကြောင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကလိုထူးဘော ဌာနချုပ်က ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။
23-Jun-2017 tagged as မူးယစ်ဆေးဝါး
ရန်ကုန်မြို့တော်တွင် ဇွန်လ ၂၆ ရက်နေ့၌ ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် အမေရိကန်ဒေါ်လာ သန်းနှစ်ရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမှတ် (၉) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲအနီးတွင် မီးရှို့ဖျက်ဆီးမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
22-Jun-2017 tagged as
ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များကို ပြည်တွင်း၌ ဘဏ်ခွဲ လာရောက်ဖွင့်ထားသည့် နိုင်ငံခြားဘဏ် ၁၃ ခုတွင် ဘဏ်စာရင်း ဖွင့်ခွင့်ပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။
လှည်းကူးမြို့နယ်၊ စခမ်းကြီး ကျေးရွာအုပ်စု၊ အမြန်လမ်း မိုင်တိုင်အမှတ် ၃ မိုင်၊ ၅ ဖာလုံမှ လမ်းဘေးဝဲယာရှိ ကျူးကျော်တဲများ အားလုံး အပြီးသတ် ရှင်းလင်းဖယ်ရှားပြီးပြီဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြားသည်။
22-Jun-2017 tagged as ပညာရေး
တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲတွင် ဘာသာရပ်အလိုက် မေးခွန်းပုံစံများ ယခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ ပြောင်းလဲရန် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက စီစဉ်လျက်ရှိကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ဒု-ညွှန်ချုပ် ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။
21-Jun-2017 tagged as
တရုတ်နိုင်ငံရှိ ဘဏ်များတွင် ဖွင့်လှစ်ထားသည့် မြန်မာကုန်သည်များ၏ ဘဏ်စာရင်း (Bank Account) ၁၃၂ ခုကို ပြန်လည် ဖွင့်လှစ်ပေးမည်ဟု တရုတ်အစိုးရက အာမခံထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။