News

24-Oct-2018
ယခုဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်းရှိ ကျေးရွာ ၁၀ ရွာတွင် အမှိုက်စနစ်တကျ စွန့်ပစ်တတ်စေရန် စည်းရုံးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။
24-Oct-2018
တနင်္သာရီတိုင်းတွင် ယခုနှစ်အတွင်း တည်ဆောက်မည့် အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ လမ်းများနှင့် အပန်းဖြေရာနေရာများတွင် မသန်စွမ်းများ အသုံးပြုနိုင်မည့် လမ်းနှင့် အမှတ်အသားများ ထည့်သွင်းတည်ဆောက်ရန် အောက်တိုဘာလဆန်းက တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားလိုက်သည်။
24-Oct-2018
လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးကားဝင်းအနီးရှိ OMNI FOCUS GENERAL PUBLIC CO.,LTD. ခရီးသည်ယာဉ်လိုင်းမှ ကုမ္ပဏီပိုင်ယာဉ်စီးခငွေ ကျပ်ငါးသိန်းကျော်ကို ခိုးယူမှုဖြင့် ကုမ္ပဏီဝန်ထမ်းအမျိုးသားတစ်ဦးကို သောင်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
24-Oct-2018
လှိုင်သာယာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Great Well ဖိနပ်စက်ရုံမှ အလုပ်သမား ၇၆ ဦး အလုပ်ပြန်ရရေးအတွက် ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဦးတည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
24-Oct-2018
မြစ်ဝကျွန်းပေါ်ဒေသတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် အားလျော့သွားပြီဖြစ်သော်လည်း ယင်းမှ ပြတ်ထွက်လာသည့် တိမ်တိုက်များကြောင့် ယခုရက်ပိုင်းအတွင်း ရန်ကုန်နှင့် ပဲခူးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးကြီးနိုင်ရာ ရေကြီးရေလျှံမှုအန္တရာယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
24-Oct-2018
လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူဟု သတ်မှတ်ကာ မြန်မာစစ်ခေါင်းဆောင်ငါးဦးကို ဩစတြေးလျက ပိတ်ဆို့အရေးယူပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာရိစ်ပန်း၏ ထုတ်ပြန်ချက်ကို Al Jazeera သတင်းဌာနက ကိုးကားဖော်ပြထားသည်။
24-Oct-2018
ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးစီမံချက်အရ အထောက်အထားမဲ့ နိုင်ငံခြားသား စစ်ဆေးအရေးယူမှု စတင်ချိန်မှစ၍ နေရပ်ပြန်မြန်မာအလုပ်သမား တစ်သိန်း တစ်သောင်းကျော်ရှိကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိ ဦးအောင်ခင်မြင့်က ပြောကြားသည်။
23-Oct-2018
ပြီးခဲ့သည့် ရက်ပိုင်းက တပ်မတော်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လက်နက်ကိုင်အဖွဲ့တို့ကြား ကယားပြည်နယ် ဖားဆောင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုသည် အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရ၏ စွပ်စွဲချက်မှာ မှန်ကန်မှုမရှိကြောင်း KNPP အဖွဲ့က တုံ့ပြန်ပြောကြားခဲ့သည်။
23-Oct-2018
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တို့တွင် ဝင်ခွင့်လျှောက်ထားပြီး ဘာသာရပ်ကိုက်ညီမှုမရှိ၍ ဝင်ခွင့်မရသူများ ကျောင်းတက်ခွင့်ပြန်လျှောက်ထားနိုင်ကြောင်း ယင်းတက္ကသိုလ်များက အောက်တိုဘာ ၂၂ ရက်တွင် ကြေညာသည်။
23-Oct-2018
ရန်ကုန်တိုင်းအစိုးရ၏ School Bus ကျောင်းကားများ ဝယ်ယူ၍ တစ်ပိုင်တစ်နိုင် ပြေးဆွဲရန် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းက ဝန်ကြီးချုပ်ထံကမ်းလှမ်းခဲ့သည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ရန်ကုန်ကျောင်းကားအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
23-Oct-2018
မွန်ပြည်နယ် သထုံမြို့နယ်တွင် ဒုရဲအုပ်အဆင့်ရှိသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ၎င်း၏နေအိမ်၌ မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မွန်ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး (ဦးစီး) ရဲမှူးမြင့်ဝင်းက အတည်ပြုပြောကြားသည်။
22-Oct-2018
တိုင်းနှင့် ပြည်နယ်များတွင် တရားမဝင် မှတ်ပုံတင်မဲ့သုံးဘီးမော်တော်ဆိုင်ကယ်များနှင့် လျှပ်စစ်သုံးဘီးဆိုင်ကယ် အများအပြားရှိနေခြင်းကြောင့် စီမံချက်ကာလအဖြစ် နိုဝင်ဘာလ ၁ ရက်မှ ၂၃ရက်နေ့အထိ မှတ်ပုံတင်လုပ်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
22-Oct-2018
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံခဲ့ကြောင်း အဆိုပါမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများထံမှ သိရသည်။
22-Oct-2018
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့အပါအဝင် စခန်းလေးခု၌ မိုးရေချိန်စံချိန်သစ်ကို အောက်တိုဘာလ ၂၂ ရက်နေ့က ရရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
22-Oct-2018
ရန်ကုန်မြို့တွင်း ၆ မြို့နယ်အတွင်းရှိ ယာဉ်ရပ်နားကန့်သတ်ဇုန် ၈ ဇုန်နေရာ၌ နိုဝင်ဘာ ၁ ရက်နေ့တွင် ယာဉ်ရပ်နားခများ ကောက်ခံရန် စီစဉ်ထားသော်လည်း ဇုန် ၅ ဇုန်အတွက် တင်ဒါခေါ်ယူရာတွင် အောင်မြင်သူ မရှိသောကြောင့် ယာဉ်ရပ်နားခ ကောက်ခံခြင်းအစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူးဦးသန်းက ပြောကြားသည်။