News

15-Mar-2019
ဟားခါးမြို့ပေါ်တွင်နေထိုင်သည့် ဒေသခံများ သောက်သုံးရေ အဆင်ပြေစေရေးအတွက်ဟုဆိုကာ ရေစည်တစ်ပီပါလျှင် ငွေကျပ် ၁၀၀ ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဟားခါးမြို့၊ စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ကြေညာသည်။
15-Mar-2019
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးစိတ်ဝင်စားသော မကွေးတိုင်း ချောက်မြို့ပေါ်ရှိ ဒေသခံပြည်သူ ၄၀ ခန့်က ယင်းမြို့၏ လူစည်ကားသောနေရာများတွင် ထောက်ခံပွဲအကြို စတစ်ကာ ၈၀၀၀ ကျော်ကို ယနေံနံနက်ပိုင်းစတင်၍ ၁၆ ရက်နေ့အထိ နှစ်ရက်တာ စတစ်ကာကမ်းပိန်း စတင်ပြုလုပ်သည်။
15-Mar-2019
အခြေခံဥပဒေပြင်ဆင်ရေးတွင် အငြင်းပွားနေကြသည့် အစီရင်ခံစာနှင့် ဆက်လက်လုပ်ဆောင်မည့် ကိစ္စရပ်များကို ၁၂ ကြိမ်မြောက်ပုံမှန် အစည်းအဝေးသို့ ရွေ့ဆိုင်းလိုက်ပြီဖြစ်သည်။
15-Mar-2019
မြန်မာဟက်ကာများက ဘင်္ဂလားဒေ့ရှ်ကို ဆိုက်ဘာတိုက်ခိုက်မှုများ စတင်လုပ်ဆောင်သွားမည်ဟု မတ်လ ၁၄ ရက်က ကြေငြာချက် ထုတ်ပြန်ခဲ့ပြီးနောက် မတ်လ ၁၅ ရက် နံနက်အစောပိုင်းတွင် တိုက်ခိုက်မှုများကို စတင်လိုက်ပြီဖြစ်သည်။
15-Mar-2019
ဆော်ဒီညွှန့်ပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်နေသော ယီမင်စစ်ပွဲတွင် အမေရိကန်နိုင်ငံ ပါဝင်ပတ်သက်နေမှုကို အဆုံးသတ်ရန် ဆီးနိတ်လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်ပြီး သမ္မတထရမ့်အပေါ် ဖိအားပေးလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
15-Mar-2019
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေတွင် ရဲစခန်းများ၊ အရပ်ဘက်အာဏာပိုင်များနှင့် လူပုဂ္ဂိုလ်များကို တိုက်ခိုက်မှုများသည် တရားမျှတမှုမရှိသောကြောင့် ယင်းလုပ်ရပ်ကို ရပ်ဆိုင်းရန် ဥရောပသမဂ္ဂ (EU) မြန်မာနိုင်ငံဆိုင်ရာရုံးက မတ်လ ၁၄ ရက် နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
15-Mar-2019
မကွေးတိုင်း ရေနံချောင်းမြို့နယ် တဲဆိပ်ကျေးရွာအုပ်စု၊ သဖန်းချောင်းကျေးရွာတွင် နေအိမ် ခြံစည်းရိုးမီးရှို့ပြီး တစ်ရွာလုံးကို မီးလောင်တိုက်သွင်းမည်ဟု အော်ဟစ်မီးရှို့သူအား အိမ်နီးချင်းဖြစ်သူက တရားလိုပြုလုပ် အမှုဖွင့်တိုင်ကြားခဲ့၍ ညောင်လှနယ်မြေရဲစခန်းက အရေးယူဆောင်ရွက်ထားသည်ဟု ယင်းစခန်းမှ သိရသည်။
14-Mar-2019
မန္တလေးတိုင်း မလှိုင်မြို့နယ် သရက္ကန်ကျေးရွာတွင် မငွေစုငွေချေးသမဝါယမအသင်းသားများ လာမထုတ်သည့် ငွေများကို စာရေးဖြစ်သူထံ အပ်နှံထားရာမှ ကိုယ်ကျိုးသုံးစွဲပစ်ကြောင်းပေါ်ပေါက်၍ မတ် (၁၃)ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
14-Mar-2019
ဘာသာရေးအခြေပြုကျောင်းများတွင် အခြေခံပညာရပ်များသင်ကြားပေးနိုင်ရန်အတွက် မူဝါဒများရေးဆွဲနေကြောင်း ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်းထံမှ သိရသည်။
14-Mar-2019
မန္တလေးမြို့ သမိုင်းဝင်ဂေဇက်ရ ဘုရားနီမြတ်စွာဘုရား ပရဝုဏ်မျက်နှာစာရှိ ပုလဲငွေရောင်ရပ်ကွက် အရံမီးသတ်တပ်ဖွဲ့အဆောက်အအုံကို အပြီးသတ်ဖယ်ရှားပေးရန် ယင်းဘုရားဂေါကပအဖွဲ့က တောင်းဆိုလိုက်သည်။
14-Mar-2019
မြန်မာနိုင်ငံရှိ မြစ်ကြီးများနှင့် မြစ်လက်တက်များပေါ်တွင် ရေကာတာများ လုံးဝမဆောက်ရန် မြစ်၊ ချောင်းများအရေးလုပ်ဆောင်သည့်အသင်းအဖွဲ့ ၂၀၀ ကျော်က မတ်လ ၁၄ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။
14-Mar-2019
ငြိမ်သက်နေသော ပြည်တွင်းရွှေဈေးနှင့် အမေရိကန်ဒေါ်လာဈေးနှုန်းများ ပြန်လည်မြင့်တက်ကြောင်း ငွေကြေးဈေးကွက်နှင့် ရွှေဘုံသာဈေးကွက်အတွင်းမှ သိရသည်။
14-Mar-2019
ငါးမဖမ်းရရာသီနှင့် ငါးမဖမ်းရဧရိယာသတ်မှတ်ရေး၊ ကင်းမွန်မီးထွန်း ငါးဖမ်းလုပ်ငန်းများအတွက် ခွင့်ပြုသွားမည့်ကာလတို့ကို အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
14-Mar-2019
ပြည်တွင်းလက်လီ လက်ကားလုပ်ငန်းတွင် ထိုင်းနိုင်ငံအခြေစိုက် Aro Commerci-al ကုမ္ပဏီက ဝင်ရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) ထံမှ သိရသည်။
14-Mar-2019
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရန်အတွက် အခြေခံအဆောက်အဦများ ပူးပေါင်းတည်ဆောက်ရန် တရုတ် (ကွမ်တုန်းပြည်နယ်) က နည်းပညာများပံ့ပိုးကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။