News

26-Oct-2018
မွန်ပြည်နယ် ပေါင်မြို့နယ် ကဒုံစီးရပ်ကွက်၌ အောက်တိုဘာလ ၂၄ ရက်နေ့က ပြုလုပ်သည့် ဆွမ်းကြီးလောင်းပွဲနှင့် မီးထွန်းပွဲတော်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ်တစ်ဦး သေနတ်ဖြင့် အပစ်ခံလိုက်ရသည်။
26-Oct-2018
ကုလသမဂ္ဂတွင် မြန်မာ့အရေးနှင့် ပတ်သက်ပြီး ယမန်နေ့ကဆွေးနွေး တင်ပြမှုများ ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံ စာတင်သွင်းသူ မစ္စယန်ဟီးလီ၏ ဆွေးနွေး တင်ပြချက်များနှင့် ပတ်သက်၍ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက ပြင်းထန်စွာ ဝေဖန်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဆွေးနွေးချက်များအရ သိရှိရသည်။
25-Oct-2018
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာ အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်အတွင်း နှစ်ကြိမ်ဖောက်ထွင်းခိုးယူခံခဲ့ရကြောင်း အဆိုပါရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
25-Oct-2018
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) က ယခုနှစ်တွင်ဖွင့်လှစ်မည့် မဟာဝိဇ္ဇာဘွဲ့သင်တန်းအတွက် ဝင်ခွင့်လျှောက်လွှာများခေါ်ယူနေကြောင်း ယင်းတက္ကသိုလ်ထံမှ သိရသည်။
25-Oct-2018
ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်များရှိ နိုင်ငံသားမှတ်ပုံတင်မရှိသည့်အလုပ်သမား ခြောက်ထောင်အနက် သုံးထောင်ကို မှတ်ပုံတင်ထုတ်ပေးပြီးဖြစ်ကြောင်း ရန်ကုန် တိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာနှင့် အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
25-Oct-2018
ကျိုက်ထိုမြို့နယ်မှ ကျိုက်ထီးရိုး စေတီတော်ကြီးတည်ရှိရာ ကျိုက်ထီးရိုးတောင်ဖွင့်ပွဲကို (သီတင်းကျွတ်လပြည့်) အောက်တိုဘာလ ၂၄ ရက်နေ့က ကျင်းပခဲ့သည်။
24-Oct-2018
ရန်ကုန်တက္ကသိုလ်တွင်းရှိ စာသင်ဆောင်များနှင့် ကျောင်းသား၊ ကျောင်းသူအဆောင်များကို ဒီဇင်ဘာ ကျောင်းပြန်မဖွင့်မီအတွင်း အပြီးပြုပြင်မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ပြောကြားသည်။
24-Oct-2018
ယခုဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်းရှိ ကျေးရွာ ၁၀ ရွာတွင် အမှိုက်စနစ်တကျ စွန့်ပစ်တတ်စေရန် စည်းရုံးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။
24-Oct-2018
တနင်္သာရီတိုင်းတွင် ယခုနှစ်အတွင်း တည်ဆောက်မည့် အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ လမ်းများနှင့် အပန်းဖြေရာနေရာများတွင် မသန်စွမ်းများ အသုံးပြုနိုင်မည့် လမ်းနှင့် အမှတ်အသားများ ထည့်သွင်းတည်ဆောက်ရန် အောက်တိုဘာလဆန်းက တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားလိုက်သည်။
24-Oct-2018
လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးကားဝင်းအနီးရှိ OMNI FOCUS GENERAL PUBLIC CO.,LTD. ခရီးသည်ယာဉ်လိုင်းမှ ကုမ္ပဏီပိုင်ယာဉ်စီးခငွေ ကျပ်ငါးသိန်းကျော်ကို ခိုးယူမှုဖြင့် ကုမ္ပဏီဝန်ထမ်းအမျိုးသားတစ်ဦးကို သောင်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
24-Oct-2018
လှိုင်သာယာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Great Well ဖိနပ်စက်ရုံမှ အလုပ်သမား ၇၆ ဦး အလုပ်ပြန်ရရေးအတွက် ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဦးတည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
24-Oct-2018
မြစ်ဝကျွန်းပေါ်ဒေသတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် အားလျော့သွားပြီဖြစ်သော်လည်း ယင်းမှ ပြတ်ထွက်လာသည့် တိမ်တိုက်များကြောင့် ယခုရက်ပိုင်းအတွင်း ရန်ကုန်နှင့် ပဲခူးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးကြီးနိုင်ရာ ရေကြီးရေလျှံမှုအန္တရာယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
24-Oct-2018
လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူဟု သတ်မှတ်ကာ မြန်မာစစ်ခေါင်းဆောင်ငါးဦးကို ဩစတြေးလျက ပိတ်ဆို့အရေးယူပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာရိစ်ပန်း၏ ထုတ်ပြန်ချက်ကို Al Jazeera သတင်းဌာနက ကိုးကားဖော်ပြထားသည်။
24-Oct-2018
ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးစီမံချက်အရ အထောက်အထားမဲ့ နိုင်ငံခြားသား စစ်ဆေးအရေးယူမှု စတင်ချိန်မှစ၍ နေရပ်ပြန်မြန်မာအလုပ်သမား တစ်သိန်း တစ်သောင်းကျော်ရှိကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအရာရှိ ဦးအောင်ခင်မြင့်က ပြောကြားသည်။
23-Oct-2018
ပြီးခဲ့သည့် ရက်ပိုင်းက တပ်မတော်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လက်နက်ကိုင်အဖွဲ့တို့ကြား ကယားပြည်နယ် ဖားဆောင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုသည် အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရ၏ စွပ်စွဲချက်မှာ မှန်ကန်မှုမရှိကြောင်း KNPP အဖွဲ့က တုံ့ပြန်ပြောကြားခဲ့သည်။