News

10-Sep-2017 tagged as
နာမည်ကျော် အကြားအမြင်ဆရာမ ဒေါ်ဆွေဆွေဝင်း (ခ) အီးတီ (အသက် ၅၇ နှစ်)သည် ယနေ့ (စက်တင်ဘာလ ၁၀ ရက်) နံနက် ၄ နာရီ၊ မိနစ် ၂၀ က သင်္ကန်းကျွန်းမြို့နယ်ရှိ ၎င်း၏နေအိမ်၌ ကွယ်လွန်ခဲ့ပြီး ရုပ်အလောင်းကို တာဝန်ယူ ဂူသွင်းပေးမည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်)ထံမှ သိရသည်။
10-Sep-2017 tagged as ဆရာဝန်
ဆေးတက္ကသိုလ် တက်ရသည့် အကြောင်းအရင်းမှာ ရွေးချယ်စရာ နည်းပါးခြင်းကြောင့်ဟု အလုပ်သင်ဆရာဝန် အများစုက ဖြေဆိုခဲ့ကြောင်း စစ်တမ်းကောက်ယူခဲ့သည့် မန္တလေးဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ စစ်တမ်းကောက်ယူရေး ကော်မတီခေါင်းဆောင် ဒေါက်တာထက်ပိုင်ဦးက The Voice သို့ ပြောကြားသည်။
10-Sep-2017 tagged as ရခိုင် ဘင်္ဂါလီ
ရခိုင်ပြည်နယ်၊ ကျောက်တော်မှတစ်ဆင့် ပွဲစားခပေး၍ ရန်ကုန်သို့ ခိုးဝင်လာသော ဘင်္ဂါလီ အမျိုးသားလေးဦးကို စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းက ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
မလေးရှားနိုင်ငံသို့ သီးသန့် စေလွှတ်နေသည့် အေဂျင်စီ ၅၀ ခန့် လုပ်ငန်းရပ်ဆိုင်းဖွယ်ရာ ကြုံတွေ့နေရသောကြောင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ စက်တင်ဘာ ဒုတိယအပတ်တွင် တင်ပြသွားမည်ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုများ လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက် တိုက်ခိုက်မှုများအတွက် ကန့်ကွက်ရှုတ်ချသည့် ဟောပြောပွဲတစ်ရပ်ကို ကရင်ပြည်နယ် ဘားအံတွင် စက်တင်ဘာလ ၁၀ ရက်နေ့၌ ပြုလုပ်သွားမည်ဖြစ်ပြီး မစိုးရိမ်တိုက်ကျောင်းဆရာတော် ဦးဝီရသူက ဦးဆောင် ဟောပြောသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ထံမှ သိရသည်။
ရန်ကုန်အပါအဝင် မြို့ကြီးများတွင် အကြမ်းဖက် တိုက်ခိုက်မည့် မသင်္ကာမှုများကြောင့် လူစည်ကားသော နေရာများနှင့် ရွှေတိဂုံဘုရားတို့တွင် လုံခြုံရေးကဏ္ဍ အဆင့်မြှင့်တင်ထားကြောင်း အမှတ် (၂) လုံခြုံရေး ကွပ်ကဲမှု ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မြဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်း အကောင်အထည် ဖော်နေသော သီလဝါ အထူးစီးပွားရေးဇုန်ကို တည်ဆောက်နေသည့် မြန်မာသီလဝါ အထူးစီးပွားရေး အများပိုင်ကုမ္ပဏီ (MTSH) က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးတွင် တည်ဆောက်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။
09-Sep-2017 tagged as ဆန်
ပင်လယ်ရေကြောင်းဘက်မှ တင်ပို့မှုများစွာ ရှိနေသည့်အတွက် ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှု ပမာဏသည် ဆယ်စုနှစ်တာ ကာလများအတွင်း အများဆုံးအဖြစ် စံချိန်တင် ပမာဏတစ်ခုသို့ ရောက်ရှိနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ဆန်ကုန်သည်ကြီးများက ပြောကြားသည်။
09-Sep-2017 tagged as
မြန်မာနိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် ဆိုက်ဘာတိုက်ပွဲဖြစ်ပွားနေသည့်အခြေအနေတွင် မြန်မာဟက်ကာများက တူရကီ တယ်လီကွန်း ကုမ္ပဏီတစ်ခု၏ ငွေကြေးဆိုင်ရာအချက်အလက်များနှင့် ယင်းတယ်လီကွန်းအသုံးပြုသူများ၏ ဘဏ်စာရင်းအချက်အလက်များကို တိုက်ခိုက်သိမ်းပိုက်ရယူထားနိုင်ပြီ ဖြစ်သည်ဟု မြန်မာဟက်ကာအဖွဲ့ဖြစ်သည့် UGMH အဖွဲ့က The Voice နေ့စဉ်သတင်းစာ၏ ဆက်သွယ်မေးမြန်းမှုကို အတည်ပြု ဖြေကြားခဲ့သည်။
08-Sep-2017 tagged as KBZ
KBZ BANK နှင့် KBZ GROUP တည်ထောင်သူ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကို ASEAN မှ “ နိုင်ငံအလိုက် ခေတ်အဆက်ဆက် အအောင်မြင်ဆုံးနှင့် ပြည်သူ့အကျိုးပြုဆုံး စံပြစီးပွားရေးလုပ်ငန်းရှင်ဆု (The Legacy Award)” ပေးအပ်ချီးမြှင့် လိုက်သည်။
08-Sep-2017 tagged as ဘင်္ဂါလီ
မြောက်ဥက္ကလာပမြို့နယ်၊ (ဋ) ရပ်ကွက်၊ ခေမာသီလမ်းရှိ နေအိမ်တစ်လုံးတွင် စက်တင်ဘာလ ၆ ရက် ညနေ ၅ နာရီခွဲခန့်က ခိုးဝင်ဘင်္ဂါလီများ ရောက်ရှိနေသည်ဟုဆိုကာ လူစုလူဝေး ဖြစ်ပေါ်ခဲ့သည်။
08-Sep-2017 tagged as ကန်တော်ကြီး
ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံရှိ အများပြည်သူ ကျန်းမာရေးအတွက် လေ့ကျင့်ခန်း လုပ်နေသည့် ကန်ပတ်လမ်းတံတားကို အသစ်ပြန်လည် တည်ဆောက်နေစဉ် ခေတ္တပိတ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။
08-Sep-2017 tagged as မြန်မာ အိန္ဒိယ
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ခရီး ရောက်ရှိလာခဲ့သည့် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီသည် စက်တင်ဘာလ ၇ ရက်နေ့၌ ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမြော်ခဲ့ပြီးနောက် ရွှေတိဂုံစေတီ အရှေ့ဘက်မုခ်ရှိ ရှားဘုရင်၏ အုတ်ဂူသို့ ဆက်လက်သွားရောက်ကာ ဝန်ကြီးချုပ်မိုဒီက ဂါရဝပြု ဆုတောင်းသွားခဲ့သည်။
07-Sep-2017 tagged as အိန္ဒိယ
အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံတင်သွင်းခွင့် ကန့်သတ်ထားခြင်းကို ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အထူးလုပ်ငန်းအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်တို့ပူးပေါင်း၍ ပုံမှန်အတိုင်း ပြန်လည် တင်ပို့ခွင့်ရစေရန် လုပ်ဆောင်မည်
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း (ဒုတိယအဆင့်)က တိုက်ခန်း ၈၀ဝ ကျော်ကို မြို့တော်ခန်းမတွင် စက်တင်ဘာလ ၇ ရက်က မဲဖောက်ရောင်းချပေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)ထံမှ သိရှိရသည်။