01-Jul-2019
(၇၂) နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဖြစ်ရပ်များကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်အတွင်း Graphic Board ဖြင့် ပြသသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။
01-Jul-2019
ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ခဲ့သည့် အကျဉ်းသားများစာရင်းကို ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြထားပြီး ပြစ်ဒဏ်လျှော့ပေါ့ပေးမှု ရှိ မရှိကို လတ်တလောတွင် အကြောင်းပြန်ကြားလာမှု မရှိသေးကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရှိရသည်။
01-Jul-2019
စံချိန်တင်ဈေးသို့ရောက်ရှိခဲ့ပြီးနောက် တဖြည်းဖြည်း ပြန်လည်ကျဆင်းလာသော ပြည်တွင်းရွှေဈေးနှုန်းသည် ၁၆ ပဲရည်တစ်ကျပ်သားလျှင် ကျပ် ၁၁ သိန်းအောက်သို့ ပြန်လည်ရောက်ရှိကြောင်း ရွှေဘုံသာရွှေဈေးကွက်အတွင်းမှ သိရသည်။
01-Jul-2019
မြန်မာနိုင်ငံတွင် ကျောင်းသားများအတွက် အသက်အာမခံနှင့်ပတ်သက်ပြီး “စာသင်သား အသက်အာမခံ”ဟူသော အမည်ဖြင့် GGI အသက်အာမခံလုပ်ငန်းမှ လက်ခံဆောင်ရွက်ပေးနေပြီး ကလေးများအတွက် ပညာသင်စရိတ်ပါ ပြန်လည်ရရှိမည်ဖြစ်ကြောင်းကို GGI ထံမှ သိရသည်။
01-Jul-2019
လှိုင်ယာသာရှိ Hong Ri ပိုက်ဆံအိတ်စက်ရုံတွင် ဆန္ဒပြနေသော အလုပ်သမားများကို လူမိုက်ငှားကား ဓားနှင့် ခုတ်ခိုင်းသည့်အတွက် အဆိုပါအလုပ်ရှင်ကို လျော်ကြေးအဖြစ် သိန်း ၂၀၀၀ တောင်းမည်ဖြစ်ကြောင်း ဆန္ဒပြလုပ်သမားများက ဇူလိုင် ၁ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ တောင်းဆိုလိုက်သည်။
01-Jul-2019
အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ ဘုရားကွင်းကျေးရွာအုပ်စုတွင် ဇွန်လ ၃၀ ရက်နေ့ နံနက် ၈ နာရီခန့်က အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် ဓားဖြင့်ထိုး၍ သတ်သေခဲ့ကြောင်း ယင်းနယ်မြေရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
01-Jul-2019
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်နေသည့် ကိစ္စများအပေါ် လက်ရှိအခြေအနအထိ ဂုဏ်ယူစရာမရှိသေးကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
01-Jul-2019
မြန်မာ-အိန္ဒိယ နယ်စပ်မြို့ဖြစ်သည့် ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့တွင် အိန္ဒိယနိုင်ငံဘက်မှ မြန်မာနိုင်ဘက်ခြမ်းသို့ ခိုးဝင်လာသည့် ဘင်္ဂါလီလေးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရိခေါဒါရ်မြို့မရဲစခန်းထံမှ သိရသည်။
01-Jul-2019
စေတနာ့ဝန်ထမ်းဆရာမအဖြစ် ဆယ်စုနှစ်ကျော်ကြာလုပ်ကိုင်နေသော မသန်စွမ်းဆရာမ ဒေါ်အိအိညိမ်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက “မသန်စွမ်းထူးချွန်အမျိုးသမီးဆု” ပေးအပ်မည်ဖြစ်ကြောင်း ကာယကံရှင်နှင့် မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ်ထံမှ သိရှိရသည်။
01-Jul-2019
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဝန်ကြီးဌာနအသစ်တစ်ခု တိုးချဲ့ဖွဲ့စည်းခဲ့ရာ၌ အဆိုပါ ဝန်ကြီးဌာန၏ ဝန်ကြီးရာထူးအဖြစ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်ကို အမည်စာရင်းတင်သွင်းခဲ့သည်။
01-Jul-2019
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ကို အခြေပြုလျက် မုံရွာ-ဟုမ္မလင်းမြို့အထိ ချင်းတွင်းမြစ်ကြောင်းအတိုင်း သင်္ဘောပြေးဆွဲမှု ယနေ့စတင်ခဲ့ပြီဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ချင်းတွင်းဌာနခွဲ) မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးလေးနိုင်က ပြောကြားသည်။
30-Jun-2019
တပ်မတော်အနေနှင့် စစ်တိုင်းဌာနချုပ် ၅ ခုတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးထားသည့် ကာလ ယခု ဇူလိုင်လ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့ထိ နှစ်လ သက်တမ်း ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။
30-Jun-2019
မီးပွိုင့်မိနေစဉ် တံခါးမဖွင့်ပေး၍ ဝိုင်ဘီအက်စ် ၉၉ ယာဉ်၏ တံခါးမှန်ကို ရိုက်ခွဲပြီး ဆင်းသွားသည့် ခရီးသည်ကို ဗွီဒီယိုဖိုင်နှင့်တကွ မရမ်းကုန်းရဲစခန်းတွင် တိုင်ကြားထားကြောင်း Omini Focus ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောသည်။
30-Jun-2019
နိုင်ငံတော်သမ္မတရုံးနှင့် နိုင်င်ငံတော်အတိုင်ပင်ခံရုံး လူမှုစာမျက်နှာတို့၏ Message Box နှင့် Comment များထံ ပြည်သူများက ပေးပို့တောင်းဆိုချက်များကြောင့် နေပြည်တော်ရှိ Wisdom Hill ကျောင်းမှ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရသည့် မိန်းကလေးငယ်အမှုကို မပေါ် ပေါ်အောင်ဖော်ရန် သမ္မတရုံးညွှန်ကြားထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ထုတ်ပြန်ပြောကြားလိုက်သည်။
30-Jun-2019
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့အနီးကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောမြေငလျင်တစ်ခု ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။