News

19-Jun-2019
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် မြေအသိမ်းခံရသည့် တောင်သူများကို ကာလပေါက်ဈေး မြေယာလျော်ကြေးအတိုင်း ပေးနိုင်မည်မဟုတ်ကြောင်း မြန်မာဝမ်ပေါင် တာဝန်ခံ မစ္စတာလောစုံက ပြောကြားလိုက်ကြောင်း ဒေသခံတောင်သူများက တူညီစွာ ပြောဆိုလိုက်သည်။
19-Jun-2019
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရာသီတုပ်ကွေး (H1N1) ရောဂါကြောင့် သေဆုံးသူ ၃ ဦးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က အတည်ပြုပြောကြားသည်။
19-Jun-2019
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်သည် ဇွန်လ ၁၉ ရက် မနက်ပိုင်းက ထားဝယ်ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးခဲ့ကြောင်း အထက်ပါဆေးရုံအုပ်ကြီးထံမှ သိရသည်။
19-Jun-2019
သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ကာမလိမ်လည်ရယူမှုဖြင့် တရားစွဲဆိုခံရသူ သရုပ်ဆောင် ဝေဠုကျော်အမှုနှင့် ပတ်သက်၍ ဇွန် ၁၉ ရက် (ယနေ့) ရုံးချိန်းက တရားလို သင်းသင်း တင်သွင်းထားသည့် အသံဖိုင်ကို စစ်ဆေးခဲ့သည်။
19-Jun-2019
နာရေးကူညီမှုအသင်း (ရန်ကုန်) က ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ရာသီတုပ်ကွေး (H1N1) ကူးစက်ရောဂါဖြင့် ကွယ်လွန်သည်ဟု သံသယရှိသည့် အမျိုးသားတစ်ဦးရုပ်အလောင်းအား ရေဝေးသုသာန်သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ယင်းအသင်းထံမှ သိရသည်။
19-Jun-2019
လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ (၄)၊ ပြင်စည်မင်းသားကြီးလမ်းရှိ စက္ကူဂိုဒေါင်တစ်ခုတွင် လုံခြုံရေးဝန်ထမ်း အမျိုးသားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ သံသယရှိသူ အမျိုးသားမှာ လွတ်မြောက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
19-Jun-2019
လှိုင်သာယာမြို့နယ်ဆေးရုံတွင် ဇွန် ၁၉ ရက် နံနက် ၃ နာရီက အမျိုးသားတစ်ဦးက ကတ်ကြေးဖြင့် လိုက်ထိုးသဖြင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး၊ သူနာပြု အမျိုးသားတစ်ဦးနှင့် အရပ်သားသုံးဦး ထိုးသွင်းပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
19-Jun-2019
ကရင်ပြည်နယ်၊ ဘားအံ-အိန္ဒိုကားလမ်းရှိ တံတားအမှတ် ၁/၈ တွင် လမ်းဘေးထိုးကျနေသည့် ယာဉ်ပေါ်မှ ယာဉ်မောင်း အမျိုးသား ဖူးရောင်ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးမှုနှင့် ပတ်သက်၍ ရုပ်အလောင်းကို စစ်ဆေးရာမှ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အမှုပြောင်းလဲဖွင့်လှစ်၍ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
18-Jun-2019
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လူဦးရေအခြေပြု ကင်ဆာရောဂါစာရင်းကို ယခုနှစ်ကုန်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကင်ဆာရောဂါဆေးပညာဌာန ပါမောက္ခ ဒေါက်တာခင်သင်းမူက ပြောကြားသည်။
18-Jun-2019
ကမ္ဘာ့ဘဏ်အစုအဖွဲ့ဝင် တစ်ခုဖြစ်သည့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း (International Finance Corporation- IFC) က ရိုးမဘဏ်လီမိတက်တွင် ၂၀၁၄ ခုနှစ်က ရင်းနှီးမြှုပ်နှံထည့်ဝင်ခဲ့သည့်ချေးငွေကို ရိုးမဘဏ်၏ ၅ ရာခိုင်နှုန်းပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲထည့်ဝင်ခဲ့ကြောင်း ရိုးမဘဏ်ထံမှ သိရသည်။
18-Jun-2019
ဧရာဝတီတိုင်း ဒေသကြီးတွင် မိုးရာသီ ၀င်ရောက်ချိန် ကာလဖြစ်သည့် မေလလယ်မှ ဇွန်လလယ်အထိ တစ်လအတွင်း မိုးကြိုး ပစ်ခံရသူ ၂၁ ဦးရှိခဲ့ပြီး ၁၅ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
18-Jun-2019
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာရန်မျှော်မှန်းထားကြောင်း ဇွန်လ ၁၈ ရက်နေ့၌ ကမ္ဘာ့ဘဏ်က အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။
18-Jun-2019
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် တရားစွဲဆိုထားသူ ဦးဝီရသူ အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းကို ဇွန် ၁၈ ရက် (ယနေ့) တွင် အနောက်ပိုင်းခရိုင် တရားရုံးတွင် စတင်စစ်ဆေးခဲ့ပြီး ယင်းအမှုတွင် တရားလို အပါအဝင် ၁၀ ဦးကို စစ်ဆေးမည်ဖြစ်ကြောင်း တရားရုံးမှ သိရသည်။
18-Jun-2019
ဖမ်းဝရမ်းထုတ်ခံထားရသည့် ဦးဝီရသူကို အနောက်ပိုင်းခရိုင်တရားရုံးမှ တရားခံပြေးဟု ထုတ်ပြန် ကြေညာခြင်းမရှိဘဲ စွပ်စွဲခေါ်ဝေါ်နေသူများကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဦးကျော်မျိုးဆွေက ယနေ့ (ဇွန် ၁၈) ရက်နေ့တွင် ပြောဆိုလိုက်သည်။
18-Jun-2019
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကိုကိုးကျွန်းသို့ ပြေးဆွဲမည့် သင်္ဘောဝယ်ယူရန်၊ စုပေါင်းရာဇဝတ် တရားရုံးတည်ဆောက်ရန်နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တည်ဆောက်ရန်အတွက် ဘတ်ဂျတ်တောင်းခံခြင်း လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ပြီးနောက် တိုင်းအစိုးရက ယင်းစီမံကိန်းများကို ပြန်လည်ပယ်ဖျက်ခဲ့သည်။