News

POST TYPE

LOCAL

ဖလမ်းမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံနေသည့် သံဃာများအတွက် ဆွမ်းဆန်အလှူရှင်များ လိုအပ်
13-May-2017
ကလေး၊မေ ၁၃

ချင်းပြည်နယ် ဖလမ်းမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေသည် သံဃာတော်များအတွက် ဆွမ်းဆန်အလှူရှင်များ လိုအပ်လျက်ရှိကြောင်း ဖလမ်းခရိုင် အထွေထွေအုပ်ချုပ်ရေမှူး ဦးမိုးဇော်စိုးက ပြောသည်။

ဖလမ်းမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းတွင် သီတင်းသုံးနေသည့် သံဃာတော်အပါး ၄၀ ရှိပြီး သီလရှင်အပါး ၁၀ ပါး ရှိပြီး ယင်းဘုန်းတော်ကြီးကျောင်းများတွင် စောင့်ရှောက်ပြီး ကျောင်းထားပေးသည့် ကျောင်းသားဦးရေ ၁၀၀ နီးပါး ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ဖလမ်းမြို့နယ်အတွင်း နေထိုင်သည့် ဗုဒ္ဓဘာသာကိုးကွယ်သူ လူဦးရေမှာ ၁၀၀ နီးပါးသာ ရှိသဖြင့် ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များအတွက် ဆွမ်းမလောက်သည့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း၊ ဆွမ်းဆန်လိုအပ်ချက် ဖြည့်တင်းနိုင်ရန် စစ်ကိုင်းတိုင်း ကလေးမြို့နှင့် မကွေးတိုင်း ဂန့်ဂေါမြို့များအထိ သွားရောက်အလှူခံရပြီး ဝါတွင်းကာလအတွင်း သံဃာတော်များ ဆွမ်းဘုဉ်ပေးနိုင်ရေးအတွက် ဆွမ်းဆန်အလှူရှင်များ လိုအပ်နေခြင်း ဖြစ်သည်ဟု ဦးမိုးဇော်စိုးက ပြောကြားသည်။

“ဆရာတော်တွေ ဝါတွင်းကာလ ဆွမ်းဘုဉ်းပေးနိုင်ဖို့အတွက် လောလောဆယ်မှာ တစ်ပါးကို ဆန်တစ်အိတ်နဲ့ ငါခြောက်တစ်ပိသာ လှူဒါန်းထားတယ်။ ဒါပေမယ့် ဒါက လောလောဆယ် အတွက်ပဲ ရေရှည်အတွက် အဖြေမဟုတ်ဘူး။ သံဃာတော် အရှင်မြတ်တွေ ဆွမ်းကိစ္စ ဖြေရှင်းနိုင်ဖို့ အလှူရှင်တွေ လိုအပ်နေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဖလမ်းမြို့နယ်အတွင်း သီတင်းသုံးနေသည့် သံဃာတော်များအတွက် ဝါတွင်းကာလ အသုံးပြုရန် လှူဒါန်းမှုများ ပြုလုပ်လိုပါက ဖုန်း ၀၉၂၁၀၀၈၇၇ ၊ ၀၉၇၇၆၆၄၄၆၅၂ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၎င်းက ပြောသည်။

R-20