News

POST TYPE

LOCAL

ကန်ကြီးထောင့်တွင် အိမ်ထောင်စု ၅၄၀၀ ကျော် ရေဘေးတွေ့ကြုံ
12-Aug-2016

ပုသိမ်၊ သြဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်ရှိ ရပ်ကွက် ၂ ခုနှင့် ကျေးရွာပေါင်း ၉၆ ရွာ၊ အိမ်ထောင်စု ၅၄၀၀ ကျော် ရေဘေးရင်ဆိုင်နေရကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးထံမှ သိရသည်။

စာသင်ကျောင်း ၄၅ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေကျောင်း၂၀၊ ရေမြုပ်လျက်ရှိရာ ကန်ကြီးထောင့်မြို့ပေါ်တွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်း ၃ ခုသို့ အိမ်ထောင်စု ၁၁၉ စုမှ လူဦးရေ ၄၇၃ ဦး ရောက်ရှိနေကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူမှာ သြဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ကန်ကြီးထောင့်မြို့ပေါ်ရှိ ရေဘေးကယ်ဆယ်ရေးစ ခန်းများသို့ ရောက်ရှိလာခဲ့ပြီး ရေဘေးသင့် ပြည်သူများကို တွေ့ဆုံအားပေးခဲ့သည်။