News

POST TYPE

LOCAL

မြေယာကျူးကျော်မှု ၆ဝ ကို နေပြည်တော်စည်ပင် ပြန်လည်ရုပ်သိမ်း
02-Aug-2016
နေပြည်တော်၊ သြဂုတ် ၂

ဦးသိန်းစိန် အစိုးရ လက်ထက်တွင် နေပြည်တော် စည်ပင်သာယာ ဥပဒေအရ တရားစွဲဆိုထားသော မြေယာ ကျူးကျော်မှု အမှု ၆ဝ လုံးကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ကျူးကျော် ဆောက်လုပ် နေထိုင်မှုဖြင့် တရားစွဲဆို ထားသော အမှုပေါင်း ၆၁ မှု ရှိခဲ့ရာမှ အမှုပေါင်း ၆ဝ အား ရုပ်သိမ်းလိုက်ခြင်းဖြစ်ပြီး ကျန်တစ်မှုကို ဆက်လက် စိစစ်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ကော်မတီဝင်မှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

ရုပ်သိမ်းပြီးလိုက်သည့် အမှု ၆ဝ မှာ ဒက္ခိဏသီရိမြို့နယ်မှ ၃၂ မှု၊ ဇမ္ဗူသီရိမြို့နယ်မှ ၁၈ မှု၊ ဥတ္တရသီရိမြို့နယ်မှ ၂ မှုနှင့် ပုဗ္ဗသီရိမြို့နယ်တွင် ၈ မှုတို့ ဖြစ်ကြသည်။

ယခင် အစိုးရဟောင်းလက်ထက်တွင် စွဲဆိုထားသော မြေယာကျူးကျော်မှုများကို ပြန်လည် ရုပ်သိမ်း ပေးသည့်အပြင် နေပြည်တော် စီမံကိန်း တည်ဆောက်ချိန်တွင် မြေသိမ်းခံရသော ဒေသခံများကို လျော်ကြေး ပေးရန်နှင့် မြေကွက် အစားထိုး ပြန်မရသူများကိုလည်း ဥပဒေနှင့် စိစစ်ပြီး ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းကဲ့သို့ အမှုများ ရုပ်သိမ်းခြင်းကို ပြည်ထောင်စု အစိုးရက ညွန်ကြားခဲ့ခြင်းဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။


  • VIA